Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ နောက်ဆက်တွဲ ငလျင်ကြောင့်တိုက်တချို့ ထပ်ပြိုပြီး လမ်းတွေပိတ်နေ

မန္တလေးတိုင်း၊ အမရပူရမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် တိုက်တချို့ ထပ်ပြိုပြီး လမ်းတွေပိတ်နေလို့ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမရပူရတွင် ​ဘုရားတစ်ဆူပြိုကျပျက်စီး​နေစဥ်။ ဓါတ်ပုံ-AP

Scorpio/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် တိုက်တချို့ ထပ်ပြိုပြီး လမ်းတွေပိတ်နေလို့ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အမရပူရမြို့ပေါ် စစ်ကိုင်း-မန္တလေးလမ်းတလျှောက်လမ်းဘေးဝဲယာက တိုက်တွေ ပြိုတာ၊ ယိမ်းယိုင်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း နောက်ဆက်တွဲငလျင်တွေကြောင့် ပြိုလုဆဲတိုက်တချို့ထပ်ပြိုတာကြောင့် လမ်းပိုင်းပိတ်ထားရပြီး ယာဥ်ကြောတွေပိတ်ဆို့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အမရပူရထဲက စစ်ကိုင်း-မန္တလေးလမ်းက သွားလို့မရတော့ဘူး။ ပိတ်ထားလိုက်ပြီ။ တိုက်တွေထပ်ပြိုနေလို့။ ကြားလမ်းတွေကလည်း လမ်းတွေပိတ်နေတယ်။”လို့ ဒေသခံတဦးက ဒီကနေ့ ဧပြီ ၃ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့်စစ်ကိုင်းကိုသွားကြမယ့်ခရီးသွားယာဥ်တွေ၊ လူမှုကူညီရေးယာဥ်တွေဟာ မြစ်ငယ်ဘက်ကနေသာ ပတ်သွားကြဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။

အမရပူရမှာလည်းစစ်ကိုင်းငလျင်ကြောင့်အိမ်ခြေရာချီပျက်စီးပြီးလူဦးရေရာနဲ့ချီသေဆုံးခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။