Connect with us

Hi, what are you looking for?

သတင်း

ကျူရှင်ကပြန်လာသည့်ကျောင်းသား တပ်သားသစ်စုဆောင်းခံရပြီး ဗန်းမော်တိုက်ပွဲရှေ့တန်းစေလွှတ်ခံရဟု KIAထံ အလင်းဝင်လာသူပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဖမ်းမိစစ်သုံ့ပန်းများ၏ ထွက်ဆိုချက်ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဓာတ်ပုံ - အလင်းဝင်လာသော တပ်သား အောင်မိုးသက်အား တွေ့ရစဉ်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဖမ်းမိစစ်သုံ့ပန်းများ၏ ထွက်ဆိုချက်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဗန်းမော်တိုက်ပွဲ၌ ဖမ်းမိခဲ့သည့် တပ်သားစည်သူအောင်၊ တပ်သား အောင်မိုးသက်တို့၏ ထွက်ဆိုချက်ကို ဖော်ပြခဲ့ရာ စစ်ကောင်စီက ကျောင်းသားနှင့် အလုပ်ရှာသူတို့ကို စစ်သားသစ် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်တို့က ထွက်ဆိုကြသည်။

“ဆယ်တန်းဖြေနေတုန်းကို ကျူရှင်က ပြန်လာတာ။ ည ၁၀နာရီ ၁၁နာရီလောက်ရှိပြီ။ အဲဒါ ညဘက် ပတ်ကင်းကားနဲ့တွေ့တာ။ သူတိုတွေ မူးမူးနဲ့ ဖမ်းတာ။ အုပ်ကြီးကလည်း လူလိုနေတော့ ကျနော့်ကို မျက်စိကျသွားတဲ့ပုံစံဖြစ်တာ။ အဲဒါကြောင့် ကျနော့်ကို ထည့်လိုက်တာ။ ပြောလည်း မရဘူး။ ကျနော် စာမေးပွဲဖြေနေတယ်လို့ဆိုတော့ ရတယ် ဘာမှ မဖြစ်ဘူး ခဏပဲ ၂နှစ်ဆိုတာ ဖင်လှည့်ခေါင်းလှည့်နဲ့ ပြီးသွားမှာပဲလို့ ထည့်လိုက်တာ”ဟု တပ်သား အောင်မိုးသက်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပြည်သူ့စစ်များ စစ်မတိုက်ရဟု စစ်ကောင်စီက ပြောသော်လည်း ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံရဟု ပြောသည်။

“မြို့တွင်း လုံခြုံရေး လုပ်ရင်လုပ် မလုပ်လည်း အဲဒီလို ပတ်ကင်းအနေနဲ့ ရပ်ကွက်မှာ နည်းနည်းပါးပါး မြို့တွင်း ပတ်ကင်းလောက်ပဲ ဒါမှ မဟုတ်လည်း မြို့တွင်း စစ်ဆင်ရေးလောက်ပဲ။ မြို့တွင်း စစ်ဆင်ရေးဆိုတာ ရပ်ကွက်မှာ နည်းနည်းပါးဆူပူတာ ဘာညာဆိုနည်းနည်းပါးပါး လိုက်ထိန်း အဲဒီလောက်ပဲ ပြောတာ။ ရှေ့တန်းထွက်ရမယ်လို့ မပြောဘူး ပြီးလည်းပြီးရော ရှေ့တန်း ပို့လိုက်တာ အဲဒီလို”ဟု တပ်သား အောင်မိုးသက်က ပြောသည်။

စစ်ကောင်စီတပ်များ ဆုတ်ခွာစဉ် ကျန်ရစ်ခဲ့ပြီး ဇန်နဝါရီ ၂၇ရက်တွင် KIA တပ်ဖွဲ့ဝင်များ ရှိရာသို့ သွားရောက်အလင်းဝင်ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

တပ်သားစည်သူအောင်ကလည်း အလုပ်လိုက်ရှာစဉ် လူနှစ်ဦးက အလုပ်ပေးမည်ဟုဆိုကာ ရန်ကုန် ဝါယာလက်စုဆောင်းရေး၌ တပ်သားစုဆောင်းခံရဟုဆိုသည်။

“ပထမ စပြောတုန်းကနောက်တန်းမှာပဲ ထားမှာပေါ့ ပြည်သူ့စစ်တွေကို ကျနော်တို့လည်း အဟုတ်မှတ်ပြီးတော့ နောက်တန်းမှာထားရုံပဲဆို ထားလိုက်ပါတော့ဆို မပြောတော့တာ ပြီးလည်း ပြီးရော ကောက်ခါ ငင်ကာ ရှေ့တန်း ကောက်ပို့လိုက်တာ။ တပ်ရင်းမှာ တလကျော်ကျော်လောက်လေးပဲနေလိုက်ရတယ်”ဟု တပ်သား စည်သူအောင်က ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက အလင်းဝင်သူများအား သတ်ပစ်သည်ဟု စစ်ကောင်စီဘက်က ပြောထား၍ အလင်းဝင်ရမည်ကို ကြောက်ခဲ့ရဟု တပ်သား စည်သူအောင်က ပြောသည်။

“ဒီဘက် အဖွဲ့အစည်း နဲ့တွေ့တာတော့ အကုန်လုံး တက်နိုင်သလောက် ဆေးဝါး ထောက်ပံ့မှုတွေရော ကြောသားရင်သား မခွဲခြားဘဲ တပြေးညီ ဆက်ဆံတာကို တွေ့ရပါတယ်”ဟု ၎င်းက ပြောသည်။

“မျက်စိရှေ့တင်တွေ့ဖူးတယ်။ နှစ်ယောက် ။ ဘောလုံးကွင်းရှေ့က ဖြတ်ပြေးတာ တောထဲ ဖြတ်ပြေးတာ”ဟု တပ်သား အောင်မိုးသက်က ပြောသည်။

အလင်းဝင်လာသည့် တပ်သားများနှင့်အတူ လက်နက်ခဲယမ်း၊ ကျည်များ၊ ဗုံးသီးများ လည်း ပါလာကြောင်း ကာယကံရှင်က ထွက်ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင်တော်လှန်ရေး အင်အားစုများက ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရသည့်နည်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက် အလင်းဝင်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။