Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဆွန်းတလာရွာနဲ့ ခွန်းလီကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီက မနေ့နဲ့ ဒီကနေ့ (ဇန်နဝါရီ ၂၉ရက်)မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

(ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဆွန်းတလာရွာကို စစ်ကောင်စီဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)

ဇန်နဝါရီ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဆွန်းတလာရွာနဲ့ ခွန်းလီကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီက မနေ့နဲ့ ဒီကနေ့ (ဇန်နဝါရီ ၂၉ရက်)မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဇန်နဝါရီ ၂၈ရက် ညပိုင်းက ဆွန်းတလာကျေးရွာကို ဗုံးကြဲခဲ့ပြီး ခွန်းလီရွာကို ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“မနေ့ညက ဆွန်းတလာရွာကို စကစက ဗုံးကြဲတာပေါ့။ အိမ် လေးလုံး ငါးလုံးပျက်စီးတယ်လို့ သိရပါတယ်။ လူထိခိုက်တာတော့ မကြားမိသေးဘူး။ ဒီနေ့လည်း ၄နာရီ ၁၀လောက်မှာ ခွန်းလီဘက်မှာ ဗုံးကြဲတာရှိတယ်။ ဂျက်နဲ့ပေါ့” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက ဖလမ်းမြို့ ပြန်လည်ရရှိရေး စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ဆလိုင်းတင်မီက ပြောပါတယ်။

အရင်က စစ်ကြောင်း ၂ကြောင်း အင်အား ၈၀၀ကျော်နဲ့ ဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီဟာ ဇန်နဝါရီ ၂၀ရက်မှာ နောက်ထပ် အင်အား ၂၀၀ကျော်ကို ကလေးမြို့ကနေ စစ်ယာဉ်တွေနဲ့ ချင်းပြည်မြောက်ပိုင်း ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ နိုဝင်ဘာလဆန်းကစပြီး ဖလမ်းမြို့ အပါအဝင် ချင်းမြောက်ပိုင်းက နယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှားနေတာကို ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်တွေနဲ့ ချင်းပြည်ကောင်စီ အဖွဲ့ဝင် တပ်တွေက ခုခံတိုက်ခိုက်လျက်ရှိပါတယ်။ ချင်းတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာနေသလို ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိပါတယ်။

ချင်းမြောက်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရထားသလို စစ်သုံ့ပမ်းတွေ ဖမ်းမိတာ၊ စစ်ကောင်စီ စစ်ကြောင်းက ထွက်ပြေးပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဆီကို အလင်းဝင်ရောက်တာတွေလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။