Connect with us

Hi, what are you looking for?

သတင်း

လားရှိူးမြို့တွင် ရာဇဝတ်မှုကျူးလွန်သူအချို့ကို သေဒဏ်စီရင်

လာမည့်ရက်ပိုင်းအတွင်း လားရှိုးမြို့မှ ကိုးကန့်တပ်မတော်(MNDAA) ပြန်ဆုတ်ခွာမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လားရှိူးမြို့တွင် ရာဇဝတ်မှု စီရင်ခြင်းအခမ်းအနားကို MNDAAက ယနေ့ (ဧပြီ ၁၀ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

လားရှိူးမြို့တွင် ရာဇဝတ်မှုစီရင်ခြင်း အခမ်းအနား ပြုလုပ်နေစဉ်။ ဓာတ်ပုံ - Nay Wai Soe/Facebook

■​လားရှိူးမြို့မှ ထွက်ခွာမည်ဟုသတင်းထွက်နေစဉ် MNDAA က ရာဇဝတ်မှုစီရင်ခြင်းအခမ်းအနားပြုလုပ်ခြင်းဖြစ်

ဧပြီ ၁၀၊၂၀၂၅။ကဖေး/People’s Spring

လာမည့်ရက်ပိုင်းအတွင်း လားရှိုးမြို့မှ ကိုးကန့်တပ်မတော်(MNDAA) ပြန်ဆုတ်ခွာမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လားရှိူးမြို့တွင် ရာဇဝတ်မှု စီရင်ခြင်းအခမ်းအနားကို MNDAA က ယနေ့ (ဧပြီ ၁၀ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒသ(၁) ရာဇဝတ်မှုစီရင်ခြင်းအခမ်းအနား (လားရှိုးမြို့)ဟု MNDAA သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သေဒဏ်ပါဝင်သည့် ရာဇဝတ်မှုစီရင်ခြင်းအခမ်းအနားဖြစ်ပြီး စီရင်မည့်နေရာသို့ တရားခံအချို့ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်ဟု မြို့ခံအချို့က ပြောသည်။ တရားခံများနှင့် ပတ်သက်၍ အသေးစိတ်မသိရှိရသေးဘဲ MNDAA ကလည်း တရားဝင် မထုတ်ပြန်သေးပေ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAAပူးပေါင်းတပ်က၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်အစိုးရ၏ ဖိအားကြောင့် လာမည့်ရက်ပိုင်းအတွင်း MNDAAတပ်များ ပြန်ဆုတ်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည်။

MNDAAက ခန့်ထားပြီး မြို့အုပ်ချုပ်ရေးယန္တရားများ ပါဝင်ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများသည် မတ်လနှောင်းပိုင်းမှစ၍ လောက်ကိုင်သို့ အသုတ်လိုက်ထွက်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

သို့သော် MNDAAသည် ယခုရက်ပိုင်းအတွင်း၌ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် လားရှိုးမြို့မှ နေအိမ်များအား ငွေသားထောက်ပံ့ခြင်း၊ တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များအား သူရဲကောင်းဘွဲ့နှင့်ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခြင်းများပြုလုပ်ခဲ့သည်။

MNDAA အနေဖြင့် လားရှိုးမြို့လက်ရှိအခြေအနေကို တိတိကျကျ ထုတ်ပြန်ပေးရန် မြို့ခံများက တောင်းဆိုနေသည်။ လက်ရှိသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသော်လည်း MNDAAကမူ နှုတ်ဆိတ်နေဆဲဖြစ်သည်။

MNDAA အုပ်ချုပ်မှုအောက်တွင် လုပ်ငန်းခွင်ဝင်နေသည့် CDMဝန်ထမ်းများသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက် ပြန်လည်ရောက်ရှိမည်ကို စိုးရိမ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။