Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ပျော်ဘွယ်မြို့နယ်၌ ပြည်သူ၂၄၀ကျော် သေဆုံး

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၂၄၀ကျော်ရှိကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့(ဧပြီ ၁၀ရက်)တွင် ထုတ်ပြန်သည်။

ဧပြီ ၁၀၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၂၄၀ ကျော်ရှိကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့(ဧပြီ ၁၀ရက်)တွင် ထုတ်ပြန်သည်။

အင်အားပြင်းငလျင်လှုပ်ခတ်သည့် မတ်လ ၂၈ရက်ကစ၍ ငလျင်ဘေးကြောင့် ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ အမျိုးသား ၁၄၅ ဦး ၊အမျိုးသမီး ၉၇ဦး စုစုပေါင်း ၂၄၂ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၇ ဦးရှိကြောင်း အသိပေးသည်။

“ရှာဖွေကယ်ဆယ်စရာမရှိတော့ပါဘူး။ ပြီးပါပြီဗျ။ လောလောဆယ် ရေလှူတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်နေပါပြီ”ဟု ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ပျော်ဘွယ်မြို့ရှိ လူစုလူဝေးများသည့် ဘဏ်နှင့် ဘာသာရေးအဆောက်အအုံတို့ပြိုကျခြင်းတို့ကြောင့် လူသေဆုံးမှုများခဲ့ခြင်းဟု ဆိုသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်းအတွင်း ရမည်းသင်း၊ကျောက်ဆည်၊စဥ့်ကူ၊တံတားဦး၊၊မိတ္ထီလာ၊သာစည်နှင့် ဝမ်းတွင်း မြို့နယ်တို့တွင်လည်း သေဆုံးသူ စုစုပေါင်း ထောင်နှင့်ချီရှိသည်။

ယမန်နေ့(ဧပြီ ၉ ရက်)အထိ ငလျင်ကြောင့် သေဆုံးသူ ၃,၆၄၉ဦး၊ ဒဏ်ရာရရှိသူ ၅,၀၁၈ဦးနှင့် ပျောက် ဆုံးသူ ၁၄၅ဦးရှိကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်သည်။

သို့သော် ၎င်းတို့ ထိန်းချုပ်နယ်မြေဖြစ်သော နေပြည်တော်ပင် ရှာဖွေကယ်ဆယ်မှုအလုံးစုံမလုပ်နိုင်သေးသည့်အပြင် ပိတ်မိ၍ သေဆုံးသူများ၏ ရုပ်အလောင်းများကြောင့် အပုပ်နံ့များထွက်နေသည်ဟု နေပြည်တော်ရှိ ဝန်ထမ်းအချို့က လူထုနွေဦးသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီကနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကံဆိုးချင်​တော့ စစ်အာဏာရှင် ၂ ဦး​အောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝ​ဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်​တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်သွားခဲ့တာ ဒီကနေ့ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရရသူ ၅၁၀၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့...