Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင်ကိုထောင်ငါးနှစ်ချ

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ငလျင်ကြောင့်ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒို (ဓာတ်ပုံ​- မီးသတ်)

ဇူလိုင် – ၅ ၊၂၀၂၆ /People’s Spring

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဦးနိုင်ထွန်းလင်းကိုပြီးခဲ့တဲ့ဇွန်လ၂၃ ရက်မှာအောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တာပါ။

ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးအမှုဖွင့်ပါတယ်။

Public Service Announcement

Public Service Announcement

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) ဆိုတာမဆင်မခြင်ဒါမှမဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေစေခဲ့ရင် ထောင်ဒဏ် ခုနှစ်နှစ်အထိ ချနိုင်သလို လူသေဆုံးနိုင်တာကိုသိလျက်နဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်တဲ့ပုဒ်မပါ။

မန္တလေးမြို့ လမ်း ၆၀ ၊၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး လေးလုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်လှုပ်ခတ်ချိန်အဆောက်အဦးသုံးလုံးပြိုကျ သွားခဲ့တာပါ။

Sky Villa ကွန်ဒို ပြိုကျမှုမှာရုပ်အလောင်း ၂၀၇ လောင်းတွေ့ခဲ့ရပြီး အသက် ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီကထောက်ပံ့ကြေးအနေနဲ့ သေဆုံးသူတစ်ဦးကို ကျပ်သိန်းတစ်ရာနှုန်းထောက်ပံ့ကြေးအဖြစ်ပေးပေမယ့်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကကျေနပ်မှုမရှိခဲ့ကြပါဘူး။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Facebook