Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံတွင် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်၍ ကလေးငယ်များအပါအဝင် စစ်ရှောင် ခုနစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အောက် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ ကထုတ် ပြန်သည်။

ဧပြီ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အောက် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ ကထုတ် ပြန်သည်။

ယနေ့ (ဧပြီ ၂၁ရက် )နေ့လည် ၁နာရီခွဲခန့်တွင် ဖယ်ခုံမြို့ အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ−၇)မှ ဖယ်ခုံမြို့နယ်ရှိ ခေါင်းအိကျေးရွာသစ်အား လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ခုနစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကာ ထိခိုက်ဒဏ်ရာရသူများအား ဖယ်ခုံကျန်းမာရေးကယ်ဆယ်ရေး(PKHC)အဖွဲ့မှ ကုသပေးနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာပြင်းထန်စွာရရှိသော အသက် (၄၀)ဝန်းကျင် အမျိုးသမီးကို ဆေးရုံသို့ ပို့ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရ‌ရှိများမှာ (၈)နှစ်အောက် ကလေးလေးသုံးဦး ပါဝင်သည်ဟု ဖော်ပြသည်။

“တိုက်ပွဲမရှိတာကြာပြီ။ ဖယ်ခုံဘက်မှာ အခုလိုလုပ်တာက လူထုကိုသက်သက်မဲ့ လုပ်တာပါ”ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် လူထုနွေဦးအား ရှင်းပြသည်။

အရပ်သားများကို သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကြောင့် ပြည်သူများအနေဖြင့် သတိဝိရိယနှင့်နေထိုင်သွားလာရန်လည်း တိုက်တွန်းထားသည်။

ဖယ်ခုံမြို့နယ်တွင် စကခ(၇)အပြင် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း အမှတ်(၃၃၆)နှင့် (၄၂၁)တပ်ရင်းများပါ အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးက လက်နက်ကြီးနဲ့ မြို့အစွန်ရပ်ကွက်တွေကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ BLDFအညာမိုင်းတပ်ခွဲက ပြောပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ အသေခံဒရုန်းတစ်စီး ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်းက ယနေ့(ဧပြီ ၄ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက အပစ်ရပ်ကြေညာသော်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်​တောင်ပိုင်းရှိ၊ ဖယ်ခုံမြို့နယ်၊အုံတိုင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုစတင်နေပြီဟု မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။