Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံတွင် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်၍ ကလေးငယ်များအပါအဝင် စစ်ရှောင် ခုနစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အောက် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ ကထုတ် ပြန်သည်။

ဧပြီ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အောက် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ ကထုတ် ပြန်သည်။

ယနေ့ (ဧပြီ ၂၁ရက် )နေ့လည် ၁နာရီခွဲခန့်တွင် ဖယ်ခုံမြို့ အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ−၇)မှ ဖယ်ခုံမြို့နယ်ရှိ ခေါင်းအိကျေးရွာသစ်အား လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ခုနစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကာ ထိခိုက်ဒဏ်ရာရသူများအား ဖယ်ခုံကျန်းမာရေးကယ်ဆယ်ရေး(PKHC)အဖွဲ့မှ ကုသပေးနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာပြင်းထန်စွာရရှိသော အသက် (၄၀)ဝန်းကျင် အမျိုးသမီးကို ဆေးရုံသို့ ပို့ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရ‌ရှိများမှာ (၈)နှစ်အောက် ကလေးလေးသုံးဦး ပါဝင်သည်ဟု ဖော်ပြသည်။

“တိုက်ပွဲမရှိတာကြာပြီ။ ဖယ်ခုံဘက်မှာ အခုလိုလုပ်တာက လူထုကိုသက်သက်မဲ့ လုပ်တာပါ”ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် လူထုနွေဦးအား ရှင်းပြသည်။

အရပ်သားများကို သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကြောင့် ပြည်သူများအနေဖြင့် သတိဝိရိယနှင့်နေထိုင်သွားလာရန်လည်း တိုက်တွန်းထားသည်။

ဖယ်ခုံမြို့နယ်တွင် စကခ(၇)အပြင် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း အမှတ်(၃၃၆)နှင့် (၄၂၁)တပ်ရင်းများပါ အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်ကကျေးရွာမီးရှို့လိုက်လို့ ထွက်ပြေးလာတဲ့ ဖယ်ခုံမြို့နယ် ဘောရန်ရွာဒေသခံအချို့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။