Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ မြေလွှာတုန်ခါစေတဲ့စက်ရက်ကန်းစင်တွေ ပြန်မလုပ်ဖို့ ယာယီတားမြစ်ထားလို့ ဒေသခံတွေအခက်တွေ့

အမရပူရမှာ ငလျင်လှုပ်ပြီးနောက်ပိုင်း မြေလွှာတုန်ခါစေတဲ့ စက်ရက်ကန်းစင်တွေ ပြန်မလုပ်ဖို့ ယာယီ တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမရပူရမြို့ပေါ်က ပျက်စီးနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Scorpio

ဧပြီ ၂၂၊ ၂၀၂၅။Scorpio/People’s Spring

အမရပူရမှာ ငလျင်လှုပ်ပြီးနောက်ပိုင်း မြေလွှာတုန်ခါစေတဲ့ စက်ရက်ကန်းစင်တွေ ပြန်မလုပ်ဖို့ ယာယီ တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမရပူရမြို့ပေါ်မှာ ငလျင်ကြောင့် ပြိုလုလုအဆောက်အဦးတွေ အများကြီး ကျန်နေသေးကြောင်း၊ စက်ရက္ကန်းပြန်ခတ်ရင် မြေလွှာတုန်ခါမှုဖြစ်ပြီး ပြိုကျလာမှာစိုးရိမ်လို့ ပြိုတာများတဲ့ရပ်ကွက်တွေမှာ စက်ရက်ကန်းစင်တွေ လက်တလော ပြန်မခတ်ဖို့ သက်ဆိုင်ရာက တားမြစ်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“တစ်လတားထားတယ်ပြောတယ်။ ခတ်တဲ့ရပ်ကွက်လည်း ခတ်နေကြတာ။ အကြာကြီးနားထားဖို့တော့ အဆင်မပြေဘူး။”လို့ စက်ရက်ကန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်ရက်ကန်းလုပ်ငန်းဟာ အမရပူရမြို့ရဲ့အဓိက လုပ်ငန်းဖြစ်နေတာတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျတဲ့တိုက်အများစုဟာလည်း ရက်ကန်းလုပ်ငန်းလုပ်ကိုင်တဲ့ရပ်ကွက်တွေမှာ အများစုတည်ရှိနေပြီး အပြိုအပျက်ရှင်းလင်းရေးကိုတောင် ကောင်းကောင်းမလုပ်နိုင်ကြသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အမရပူရမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မြို့ပေါ်တခုတည်း ၁၂၄ ဦးသေဆုံးကြောင်း၊ ဘုံးအိုးရွာနဲ့ အခြားကျေးရွာတွေက သေဆုံးမှုတွေပေါင်းပါက လူဦးရေ ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အမရပူရမြို့ပေါ်နဲ့ ကျေးရွာတွေမှာ အဆောက်အအုံရာချီ ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။