Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခြောက်ဦးသေဆုံးဟု နဂါးဖြူတပ်ရင်းပြော

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားခြောက်ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းက လူထုနွေဦးသို့ ပြောသည်။

နဂါးဖြူတပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − White Dragon -P29904

ဧပြီ၂၂၊၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားခြောက်ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၁ရက်) နံနက် ၁၁ နာရီခွဲခန့်က ပဲခူးတိုင်းမှ မွန်ပြည်နယ်သို့ စစ်ကောင်စီတပ်၏ ကားတန်းများဝင်ရောက်လာသည့်သတင်းသိရှိပြီးနောက် အလူးလေးနှင့် သပြေနီကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရန်ပြင်စဥ်ခဲ့သည်ဟု ဆိုသည်။

ထိုအချိန်တွင် အနောက်ကာကင်းနှင့် လမ်းဘေးကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီ တပ်သား ၂၀ခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မျက်မြင်သေဆုံးသည့် စစ်ကောင်စီတပ်သားခြောက်ယောက်နှင့် ဒဏ်ရာရရှိသူများလည်းရှိကြောင်း နဂါးဖြူတပ်ရင်းက ယနေ့ (ဧပြီ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်တစ်ဦး ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ နေ့လည် ၁၁ နာရီ ၅၀ မိနစ်တွင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြသည်။

“ပဲခူးနဲ့ မွန် အစပ်မှာ တိုက်ပွဲဖြစ်တာ။ မွန်ပြည်နယ်ကို စကစဘက်က အားဖြည့်တာ”ဟု နဂါးဖြူတပ်ရင်းတာဝန်ရှိသူက ယမန်နေ့ တိိုက်ပွဲဖြစ်စဥ်အပေါ် ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း နဂါးဖြူတပ်ရင်း ၊(၇၈၀၁) တပ်ရင်း ၊(၇၈၀၅)တပ်ရင်း ခွဲ(၄)တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲနောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။