Connect with us

Hi, what are you looking for?

သတင်း

ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော

ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ဧပြီလ ၂၀ ရက်က ဒေသတွင်း မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေရဲ့ အစိတ်အပိုင်းအဖြစ် ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေမှာ အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခို အဖွဲ့တစ်ခုအကြောင်း သတင်းရခဲ့တဲ့နောက် တောလမ်းကနေ ဝင်ရောက်လာမယ့် မူးယစ်မှောင်ခို ဂိုဏ်းသားတွေကို တားဆီးဖို့ ကင်းလှည့်ယူနစ် နှစ်ခုကို ဖြန့်ကျက်ပြီး စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ အရုဏ်မတက်ခင် မနက်အစောပိုင်းမှာ ကင်းလှည့်ယူနစ် တစ်ခုဟာ မြန်မာဖက်ကနေ အဖွဲ့ဝင် ၈ ယောက်ပါလာတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ထိုင်းစစ်တပ်က သူတို့ကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပေမယ့် တုံ့ပြန် တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ စတင်ခဲ့တာပါ။ နယ်စပ်နဲ့ ၂ ကီလိုမီတာလောက် အကွာက အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း တခြားကင်းလှည့် ယူနစ်ကလည်း စစ်ကူအဖြစ် လာရောက်ပူးပေါင်းခဲ့ပါတယ်။

အဲဒီနောက် မူးယစ်မှောင်ခို အဖွဲ့သားတွေက ဆုတ်ခွာ ထွက်ပြေးဖို့ ကြိုးစားပြီး ထိုင်းစစ်တပ်က ထပ်ကြပ်မကွာ လိုက်လံ ချေမှုန်းရာကနေ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲတစ်ခု မိနစ် ၂၀ လောက်ကြာအောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ထိုင်းစစ်တပ်ဟာ မနက် မိုးလင်းတဲ့ထိ လုံခြုံရေး ဆက်လက် ဖြန့်ကျက်ထားပြီး မြင်ကွင်း ပြတ်သားလာတဲ့ အချိန်မှ နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအခါ မူးယစ်မှောင်ခို အဖွဲ့သား ၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့သလို မူးယစ်ဆေးဝါးတွေ ထုပ်ပိုးထားတဲ့ ကျောပိုးအိတ် ၅ လုံးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းနယ်ခြားစောင့် ယူနစ် ဖာမောင်အဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ကစ်တီကောင် ချန်ထရာနဲ့ တခြား အရာရှိတွေဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ မူးယစ်မှောင်ခို အဖွဲ့သားတွေဟာ လက်ပစ်ဗုံး တစ်လုံးနဲ့ တိုက်ခိုက်ခဲ့သေးပေမယ့် ကံအားလျော်စွာပဲ ကွန်ကရစ် ရေလှောင်ကန် တစ်ခုနားမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိုင်းစစ်သားတွေကို အထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။