Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြိုသိမ်းတိုက်ပွဲ​အောင်ပွဲရ ABSDF ရဲဘော်​​တွေ​ သွေးသစ္စာသီချင်းဖြင့်​ အောင်ပွဲခံ

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာသည့် ABSDF အမှတ်(၃)စစ်ကြောင်း၊အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

ဧပြီ-၂၃၊၂၀၂၅။People’s Spring

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာသည့် ABSDF အမှတ်(၃)စစ်ကြောင်း၊အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

၂၀၂၄ သြဂုတ်လ ၁၆ ရက်​နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တာမှာရှစ်လဝန်းကျင်ကြာခဲ့တဲ့အင်းတော်မြို့သိမ်းတိုက်ပွဲ ကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများ ၊ အခြားသော မဟာမိတ်တပ်ပေါင်းစုများနဲ့ ပူးပေါင်းသိမ်းပိုက်ခဲ့ကြရာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF ကထုတ်ပြန်ပါတယ်။

အင်း​တော်မြို့သိမ်းတိုက်ပွဲမှာ ABSDF အမှတ် ၁၄ တပ်ရင်းမှရဲဘော်သရဲ ကျဆုံးခဲ့ပြီး​တော့ ပြည်သူ​တွေကသ​ပြေပန်း​တွေနဲ့ကြိုဆိုချိန်မှာ ရဲ​ဘော်ရဲ့ဓါတ်ပုံကို ကျန်ရဲ​​ဘော်​တွေက ဂုဏ်ပြုသယ်​ဆောင်​ပေးခဲ့ကြပါတယ် ။

Public Service Announcement

Public Service Announcement

​အောင်ပွဲရ ရဲ​ဘော်​တွေနဲ့ ပြည်သူတွေဟာ ​သွေးသစ္စာသီးချင်းနဲ့အတူ ​အောင်ပွဲခံခဲ့ကြတာကိုလည်း​တွေ့ရပါတယ်။

ရုပ်သံ- ABSDF Column- 3

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ခန့်ကို ထပ်မံဖမ်းမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။

သတင်း

ဧပြီ၉၊ ၂၀၂၅။ဧရာ/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီ​၏ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ကသာမြို့နယ်အတွင်း ပြန်ဖမ်းမိထားသည်။ ” ၇၇တပ်မမှူးနဲ့ သူ့လုံခြုံရေးအဖွဲ့တစ်ဖွဲ့လုံး ဖမ်းမိထားပါပြီ။ တိုက်ပွဲထဲမှာ ဒဏ်ရာတွေနဲ့ မိထားတာပါ”ဟု ကသာမြို့မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)...

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယာယီအပစ်ရပ်ကြေညာချက်ကြောင့် ထိုးစစ်ရပ်ထားသည့် အင်းတော်မြို့တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထွက်လာပြီး လေကြောင်းမှပါပစ်ခတ်လာ၍ တိုက်ပွဲပြင်းထန်နေသည်။

Facebook