Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြိုသိမ်းတိုက်ပွဲ​အောင်ပွဲရ ABSDF ရဲဘော်​​တွေ​ သွေးသစ္စာသီချင်းဖြင့်​ အောင်ပွဲခံ

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာသည့် ABSDF အမှတ်(၃)စစ်ကြောင်း၊အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

ဧပြီ-၂၃၊၂၀၂၅။People’s Spring

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာသည့် ABSDF အမှတ်(၃)စစ်ကြောင်း၊အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

၂၀၂၄ သြဂုတ်လ ၁၆ ရက်​နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တာမှာရှစ်လဝန်းကျင်ကြာခဲ့တဲ့အင်းတော်မြို့သိမ်းတိုက်ပွဲ ကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများ ၊ အခြားသော မဟာမိတ်တပ်ပေါင်းစုများနဲ့ ပူးပေါင်းသိမ်းပိုက်ခဲ့ကြရာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF ကထုတ်ပြန်ပါတယ်။

အင်း​တော်မြို့သိမ်းတိုက်ပွဲမှာ ABSDF အမှတ် ၁၄ တပ်ရင်းမှရဲဘော်သရဲ ကျဆုံးခဲ့ပြီး​တော့ ပြည်သူ​တွေကသ​ပြေပန်း​တွေနဲ့ကြိုဆိုချိန်မှာ ရဲ​ဘော်ရဲ့ဓါတ်ပုံကို ကျန်ရဲ​​ဘော်​တွေက ဂုဏ်ပြုသယ်​ဆောင်​ပေးခဲ့ကြပါတယ် ။

Public Service Announcement

Public Service Announcement

​အောင်ပွဲရ ရဲ​ဘော်​တွေနဲ့ ပြည်သူတွေဟာ ​သွေးသစ္စာသီးချင်းနဲ့အတူ ​အောင်ပွဲခံခဲ့ကြတာကိုလည်း​တွေ့ရပါတယ်။

https://www.facebook.com/LuduNwayOo/videos/701486425887583

ရုပ်သံ- ABSDF Column- 3

ဆက်စပ်သတင်းများ

သတင်း

ပုလဲမြို့နယ်၊ကန့်ဒေါင့်ကျေးရွာရှိစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှု​ကြောင့် ABSDF ရဲဘော်သုံးဦး ကျဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ခန့်ကို ထပ်မံဖမ်းမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။

သတင်း

ဧပြီ၉၊ ၂၀၂၅။ဧရာ/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီ​၏ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ကသာမြို့နယ်အတွင်း ပြန်ဖမ်းမိထားသည်။ ” ၇၇တပ်မမှူးနဲ့ သူ့လုံခြုံရေးအဖွဲ့တစ်ဖွဲ့လုံး ဖမ်းမိထားပါပြီ။ တိုက်ပွဲထဲမှာ ဒဏ်ရာတွေနဲ့ မိထားတာပါ”ဟု ကသာမြို့မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)...