Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲပါဝင်သည့် ရဲဘော်များ၏ အောင်ပွဲခံမှုကို ABSDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။

ဓာတ်ပုံ - ABSDF

ဧပြီ၉၊ ၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို အမှတ်(၁) စစ်ဒေသအစီအစဉ်ဖြင့် ၂၀၂၄ ဩဂုတ်ကစတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ဆင်နွှဲခဲ့ရာ ABSDFလည်း ပူးပေါင်းတပ်ဖွဲ့၌ ပါဝင်ခဲ့သည်။

ABSDF၏ ယနေ့ ထုတ်ပြန်ချက်တွင် တိုက်ပွဲသတင်း အသေးစိတ်ဖော်ပြမထားဘဲ ABSDF၏ အမှတ်(၃) စစ်ကြောင်း တပ်ရင်း(၁၄)တပ်ဖွဲ့ဝင်အချို့က သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီ၏ ဟောင်ဝစ်ဇာအမြောက် နှင့်အတူ အောင်ပွဲခံနေမှု မှတ်တမ်းကို ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲတွင် ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ထို့ပြင် စစ်သုံပန်းများလည်းဖမ်းမိထားကြောင်း ပူးပေါင်းတပ်ဖွဲ့၌ ပါဝင်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အသိပေးထားသည်။ ထို့အပြင် အင်းတော်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီ​၏ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ကသာမြို့နယ်အတွင်း ပြန်ဖမ်းမိထားသည်။

အင်းတော်မြိုသိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ အင်းတော်-ပကဖ၊ ဗန်းမောက်-ပကဖ၊ ကသာ-ပကဖ၊ ကသာ ခရိုင်-ပကဖ၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ KIA တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ၊ Drone ပူးပေါင်းတပ်ဖွဲ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲတို ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)-ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ABSDFက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာသည့် ABSDF အမှတ်(၃)စစ်ကြောင်း၊အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

သတင်း

ဧပြီ ၁၈၊၂၀၂၅။ယောနသံ/People’s Spring ကလေး − ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း ငါးခု သိမ်းပိုက်ခဲ့သည့်စစ်ဆင်ရေးများအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လာကြသည့် ကျောင်းသားတပ်မတော် ABSDF ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ABSDF အမှတ်(၃) စစ်ကြောင်းက ထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်...

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။