Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် တပ်မ(၇၇)တပ်မမှူးနှင့်အဖွဲ့ ကသာတွင် ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲမှသိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD

ဧပြီ၉၊ ၂၀၂၅။ဧရာ/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီ​၏ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ကသာမြို့နယ်အတွင်း ပြန်ဖမ်းမိထားသည်။

” ၇၇တပ်မမှူးနဲ့ သူ့လုံခြုံရေးအဖွဲ့တစ်ဖွဲ့လုံး ဖမ်းမိထားပါပြီ။ တိုက်ပွဲထဲမှာ ဒဏ်ရာတွေနဲ့ မိထားတာပါ”ဟု ကသာမြို့မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ် ၁၆ရက်ကစတင်ခဲ့ပြီး ခုခံစစ်ကို အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်တပ်မမှူးက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်သည် ပဲခူးတိုင်းတွင် အခြေစိုက်သော်လည်း အင်းတော်မြို့ခုခံစစ်အတွက် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်တွင် ပို့ဆောင်ခဲ့ခြင်းဟု သတင်းရရှိသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည် တိုက်ပွဲတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံးများပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှတပ်မမှူးဦးဆောင် သောအဖွဲ့သည် ဧပြီ ၇ရက် ည ၉နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၈ရက်ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာသည့် ABSDF အမှတ်(၃)စစ်ကြောင်း၊အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ခန့်ကို ထပ်မံဖမ်းမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။

သတင်း

အမှတ် (၁)စစ်ဒေသ၏အစီအစဥ်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈)လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီ ၇ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။