Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ရွှေ့ပြောင်း မြန်မာတွေပါတဲ့ကား မောင်းပြေးရင်း မြစ်ထဲကျ၊ မြန်မာ ၁၉ ဦး အဖမ်းခံရ

ထိုင်းအာဏာပိုင်တွေ လိုက်လံ ဖမ်းဆီးရာက မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလာသူတွေ လိုက်ပါလာတဲ့ မော်တော်ကား တစ်စီးဟာ မြစ်ထဲ ကျသွားခဲ့ကြောင်း သိရပါတယ်။

Khaosod English

ထိုင်းအာဏာပိုင်တွေ လိုက်လံ ဖမ်းဆီးရာက မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလာသူတွေ လိုက်ပါလာတဲ့ မော်တော်ကား တစ်စီးဟာ မြစ်ထဲ ကျသွားခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၅ ရက်နေ့တုန်းက ကန်ချနာဘူရီ ပြည်နယ်မှာ အနက်ရောင် ပစ်ကပ် ထရပ်ကား တစ်စီးကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက အပူတပြင်း လိုက်ဖမ်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ၁၉ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားဟာ ဘန်လတ်ယာ လမ်းဆုံကနေ စတင် မောင်းပြေးခဲ့တဲ့နောက် ကွိုင်ယိုင် မြစ်ကူးတံတားနား အရောက်မှာ မြစ်ကမ်းဘေး ရေဆေးနေတဲ့ တခြားကားတစ်စီးကို ဝင်တိုက်ခဲ့ပါတယ်။

အဲဒီလို ယာဉ်တိုက်မှု ဖြစ်ပြီးတဲ့နောက် ပစ်ကပ်ကားဟာ ရေတိမ်ပိုင်း မြစ်ထဲကို လျှောတိုက်ဆင်းသွားပြီး ကိုယ်ထည်တစ်ဝက် နစ်မြုပ်နေခဲ့ပါတယ်။

ထိုင်းနိုင်ငံသား ယာဉ်မောင်းဟာ မြစ်ကို လက်ပစ်ကူးပြီး တစ်ဖက်ကမ်းဆီ ထွက်ပြေး လွတ်မြောက်သွားခဲ့ပေမယ့် အားကိုးရာမဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကတော့ ကားပေါ်မှာ ကျန်နေခဲ့ပါတယ်။ နောက်တော့ ထိုင်းအာဏာပိုင်တွေက သူတို့ကို ကယ်ဆယ်ပြီး ထိန်းသိမ်းထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ၁၉ ဦးထဲမှာ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ ပါလာခဲ့ကြတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရန်ကုန်ကနေ စွန့်စား ထွက်ခွာလာတဲ့ အဖွဲ့ဟာ လူမှောင်ခိုသမားတွေကို တစ်ဦးစီအတွက် ဘတ် ၈၅၀၀၀ ဆီ ပေးခဲ့ရပြီး ဆန်ခလာဘူရီ နယ်စပ်ကနေ ထိုင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုကြပါတယ်။

ထိန်းသိမ်းခံထားရသူတွေထဲက အရွယ်ရောက်ပြီးသူ အားလုံးဟာ ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်မှုအတွက် စွဲချက်တင်ခံရမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ထွက်ပြေး လွတ်မြောက်သွားတဲ့ ယာဉ်မောင်းက ဘယ်သူလဲ ဆိုတာကို ရဲတွေက ဖော်ထုတ် သိရှိထားပြီး သူ့ကို ဝရမ်းထုတ်နိုင်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

Facebook