ဧပြီ၂၆၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် သံချပ်ကာယာဉ်နှစ်စီးဖြင့် အင်အား ၂၀၀ကျော်ပါရှိသော စစ်ကောင်စီတပ်စစ်ကြောင်းအား ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင် ၉ ဦး သေဆုံးပြီး စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဗမာ့တပ်တော်က ယနေ့(ဧပြီ ၂၆ရက်) ထုတ်ပြန်သည်။
ဧပြီ ၂၄ရက်မှ ၂၅ရက်အထိ စလင်းမြို့အနာက်ဘက် ဝမ်းပြည့်ကျေးရွာမှ အောက်လှိုင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် သံချပ်ကာယာဉ်နှစ်စီးနှင့် အင်အား ၂၀၀ကျော်ပါသော စစ်ကောင်စီတပ်အား ဗမာ့တပ်တော်၊ အမှတ်(၈၀၈)တပ်ရင်းနှင့် မဟာမိတ်တပ်များ ပူးပါင်း၍ စိုးမိုးနယ်မြများအတွင်း မဝင်ရောက်နိုင်စေရန် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က သံချပ်ကာယာဉ်ဖြင့် ပစ်ခတ်ဝင်ရာက်လာခဲ့ပြီး ၂နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ကာ လက်နက်ကြီး၊ ၄၀ မမ ဗုံးသီးပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြာင်း တပ်တွင်းသတင်းရင်းမြစ်များမှတဆင့်သိရသည်ဟု ဗမာ့တပ်တော်က ဖော်ပြသည်။

Public Service Announcement
ထိတွေ့တိုက်ပွဲအတွင်း သံချပ်ကာယာဉ်တစ်စီးမှာ ဝမ်းပြည့်ကျေးရွာရှိ ရေမြောင်းအတွင်း ထိုးကျသွားပြီး စစ်ကောင်စီက ဖောကားများဖြင့် ပြန်လည်ဆွဲတင်ချိန်တွင် မဟာမိတ်တပ်ဖက်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုများလည်းရှိခဲ့ကြောင်း အသိပေးသည်။
” မဆုတ်မနစ်ဇွဲ ၊လုံလ တွေနဲ့ တိုက်နေတဲ့အတွက် သူတို့ကို ပွဲတိုင်း၊ ပွဲတိုင်းမှာ အသာစီးရနေတာလို့ပြောရနိုင်တယ်။စလင်းမြို့နယ်ကို ဘာကြောင့်အကြိမ်ကြိမ်စစ်ကြောင်းထိုးဝင်ရောက်နေတာလဲဆိုရင် စလင်းမြို့နယ်က စစ်ကောင်စီအတွက်စစ်ရေးအရတော်တော်လေး အရေးပါတယ်လို့ သုံးသပ်ပါတယ်။ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ)တွေ တော်တော်များများကလည်း စလင်းမြို့နယ်နဲ့ဆက်နွယ်ပြီးလမ်းပန်းဆက်သွယ် ရေးဖြတ်သန်းသွားလာနေရတာ ဖြစ်တဲ့အတွက် ဒါကို သူတို့ဆုံးရှုံးရမှာဆိုးလို့ စစ်ကြောင်းထိုးတိုက်ခိုက်နေတာလို့ ပြောရမှာပါ”ဟု ဗမာ့တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူရဲဘော်ထွန်းက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့ (ဧပြီ ၂၅ ရက်)နံနက်ပိုင်းတွင် စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း ရဲဘော်တစ်ဦး ဗုံးသီးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။
ထိတွေ့မှုတိုက်ပွဲကို ဗမာ့တပ်တော်၊ အမှတ် (၈၀၈)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရးနှင့်သူနာပြုတပ်ဖွဲ့၊ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(စလင်း)၊ ဒေါင်းစစ်အာင် LPDF၊ ဒေါင်းညီနာင် မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပါင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
စလင်းမြို့နယ်အတွင်း အင်အားများစွာသုံး၍ စိုးမိုးနယ်မြေများအတွင်းသို့ စစ်ကြောင်းများခွဲ၍ စစ်ကောင်စီ ဝင်ရောက်ရန်ကြိုးပမ်းနေသဖြင့် ပြည်သူများအနေဖြင့် လေယာဉ်အန္တရာယ်နှင့် လက်နက်ကြီးအန္တ ရာယ်များမရှိစေရန် ဗုံးခိုကျင်းများ တူးထားရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ညွှန်ကြားချက်များကို တသွေမတိမ်းလိုက်နာဆောင်ရွက်ရန် လည်း ဗမာ့တပ်တော်က တိုက်တွန်းသည်။
ယခုတစ်ကြိမ်အပါအဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်သည် စလင်းမြို့နယ်ကို ထိုးစစ်သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြိမ်ကြိမ်ပြန်ဆုတ်ခွာခဲ့ရသည်။
