Connect with us

Hi, what are you looking for?

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFက တပ်သားသစ်များ ခေါ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (အထူးတပ်ဖွဲ့)က အပတ်စဥ် (၈)အတွက် တပ်သားသစ်များ ခေါ်ယူနေကြောင်း SOFက ယနေ့ (ဧပြီ ၂၈ရက်)တွင် ထုတ်ပြန်သည်။

ဓာတ်ပုံ − SOF

ဧပြီ ၂၈ရက်၊၂၀၂၅။သက်ဝေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (အထူးတပ်ဖွဲ့)က အပတ်စဥ် (၈)အတွက် တပ်သားသစ်များ ခေါ်ယူနေကြောင်း SOFက ယနေ့ (ဧပြီ ၂၈ရက်)တွင် ထုတ်ပြန်သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အနေဖြင့် အထူးတပ်ဖွဲ့၊တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသ၏ အရေးပါသည့် စစ်ဆင်ရေးနယ်မြေများတွင် မဟာမိတ် တိုင်းရင်သားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ၊ LPDF များနှင့် အတူလက်တွဲ၍ ၂၀၂၅ အတွင်း စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြီး တပ်သားသစ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

“အခုက အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) အထိရောက်ပါပြီ၊ သင်တန်းကတော့ အရင်က လိုင်းပေါ်တင်ပြီးခေါ်တာမရှိဘူး၊ အခုမှ လက်နက်ခဲယမ်းပြည့်မှီလာတာရယ် စစ်ဆင်ရေးလိုအပ်ချက်ကြောင့်ရယ် အရေးကြီးတဲ့ မြို့သိမ်း၊ နယ်သိမ်း စစ်ဆင်ရေးတွေ ၊ ထိုးစစ်တွေအတွက် အဆုံးသတ်ရမဲ့ တိုက်ပွဲတွေအတွက် ထပ်စုတာဖြစ်ပါတယ်” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

Public Service Announcement

Public Service Announcement

SOF နှင့်အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား၊အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိကြောင်း အသိပေးသည်။

“MOD/PDF အင်အားတွေလည်း အလွန်များပါတယ်၊ ဒီထက်အင်အားပိုများတော့ ရဲဘော်တွေလည်း သိပ်မပင်ပန်းတော့ဘူးပေါ့၊ အင်အားကလည်း အရည်အသွေး အချင်းဖြစ်ပါတယ်၊ ဒါကြောင့် အင်အားထပ်စုတဲ့သဘောပါ၊ သင်တန်းကတော့ အင်အားကန့်သတ်ချက်ပြည့်မှီတာနဲ့ အမြန်ဆုံးစမှာပါ၊ သင်တန်းကိုလည်း KNLA၊ PDF နဲ့ US မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းနည်းပြတွေနဲ့ ကြီးကြပ်ပေးသွားမှာပါ” ဟု ကိုအောင်စံရှားက ပြောသည်။

တပ်ဖွဲ့ဝင်လိုသူများအနေဖြင့် SOF facebook page messenger https://www.facebook.com/share/1B6ad7coYp/ နှင့် Signal Username SOFJY.72121၊ Telegram Username @SOFJY72121 တို့မှ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူး​ပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ​ကိုအောင်စံရှားက လူထုနွေဦးသို့ ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲအား ကျင်းပခဲ့ကြောင်း SOFကသတင်းထုတ်ပြန်သည်။

သတင်း

ဧရာဝတီနှင့် ရှမ်းတောင်မှလူငယ်အများစုဖြစ်​နေ

Facebook