Connect with us

Hi, what are you looking for?

သတင်း

AA နဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ လိုအပ်လို့ လုပ်ဆောင်နေတာလို့ ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)နဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေဟာ လိုအပ်လို့လုပ်ဆောင်တဲ့ အစီအမံတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ- Business Today

ဧပြီ-၃၀၊၂၀၂၅။ People’s Spring

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)နဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေဟာ လိုအပ်လို့လုပ်ဆောင်တဲ့ အစီအမံတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာ မြန်မာနိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ AAနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေဟာ တကယ်ပဲ လိုအပ်ပြီးအဲဒီဆက်ဆံမှုတွေကိုလည်းဆက်လက်ထိန်းသိမ်းထားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး အရာရှိ တောင်ဟစ်ဒ် ဟိုစိန်က ပြောပါတယ်။

AA နဲ့ ထိတွေ့ ဆက်ဆံမှုတွေကိုမီဒီယာတွေက မေးမြန်းတဲ့အခါ သူက ဘင်္ဂလားဒေ့ရှ်နယ်စပ်ရဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီ ဆိုတာကို တရားဝင် အသိအမှတ် ပြုထားကြောင်း၊ အဲဒီအရှိတရားကို မျက်ကွယ်ပြုထားလို့မရကြောင်း၊မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကို ဗဟိုအစိုးရ မဟုတ်တဲ့ အစုအဖွဲ့တွေက ချုပ်ကိုင်ထားပြီး ဗဟိုအစိုးရ အာဏာ သက်ရောက်မှုဟာ နယ်စပ်မှာ လုံးဝ မရှိတော့ကြောင်း ပြန်ဖြေခဲ့ပါတယ်။ ဗဟို အစိုးရ ဆိုတာက အာဏာသိမ်း စစ်ကောင်စီကို ရည်ညွှန်းထားတဲ့မူရင်း အသုံးအနှုန်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို အလှည့်အပြောင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သင့်တော်မယ့် ထိတွေ့ ဆက်သွယ်မှု နည်းလမ်းတွေကို ထိန်းသိမ်းထားရမှာ ဖြစ်ကြောင်း၊ စည်းမျဉ်းတွေအရ အစိုးရ မဟုတ်တဲ့ အင်အားစုတွေနဲ့ တရားဝင် ဆက်သွယ်လို့ မရဘူးဆိုရင်တောင်လုံးဝဥဿုံ အဆက်ဖြတ်ထားလို့လည်းမရတော့ကြောင်း၊ ဒါကြောင့် လိုအပ်တဲ့ ထိတွေ့ ဆက်ဆံမှုကို ဖြစ်သင့်တဲ့ အဆင့်မျိုးမှာ ထိန်းသိမ်းထားမှာဖြစ်ကြောင်း ဟိုစိန်က ရှင်းလင်းပြောကြားသွားပါတယ်။

ဟိုစိန်က ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံမှာရှိတဲ့စစ်ဘေးသင့် ပြည်သူတွေကိုအထောက်အပံ့ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ခွင့်ပြုရေးကုလသမဂ္ဂ (UN)ဆီက တောင်းဆိုထားမှုကိုလည်း သူ့ရဲ့ အစိုးရက မူအားဖြင့် လက်ခံထားပြီးဖြစ်ကြောင်းကိုလည်း အတည်ပြုသွားပါတယ်။

ကိုးကား-BDnews24

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကဆရာမတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့်ချိတ်ဆက်ကာ အာရက္ခတပ်တော်(AA)ထံ ပူးပေါင်းသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ) သိမ်းယူသည့်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များအား တိုင်းအဆင့်ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။

သတင်း

နိုင်ငံပိုင်နက်ထဲ ထွက်ပြေး ခိုလှုံရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၄ ယောက်ကို နေရပ် ပြန်ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့ပါတယ်။

သတင်း

အာရက္ခတပ်​တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

Facebook