Connect with us

Hi, what are you looking for?

သတင်း

ဟားခါးတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးကို CDF ထပ်မံ ဖမ်းဆီး

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

CDF ဟားခါးဖမ်းဆီးထားသည့် ရဲနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ − Chinland Defense Force - Hakha

မေ ၃၊၂၀၂၅။ထားမြတ်၊သတိုး/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

မေလ ၁ရက်တွင် ဟားခါးမြို့ရှိ ပြည်သူအဖြစ်ဟန်ဆောင် သတင်းထောက်လှမ်းယူနေသော စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ထို့ပြင် အပြစ်မဲ့ပြည််သူများကို ဒုက္ခမျိုးစုံပေးနေသော စစ်ကောင်စီအဖွဲ့ဝင်များအား လိုက်လံအရေးယူမည်ဟုလည်း CDF ဟားခါးက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိမှု၊ ဒေသ စစ်ရေး အခြေအနေများ မေးမြန်းရန် CDF ဟားခါးသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

CDF ဟားခါးသည် ဧပြီ ၂၁ရက်ကလည်း ရဲ ၂ဦးကို ဖမ်းမိခဲ့သေးသည်။

ထိုသို့ ဖမ်းဆီးနိုင်ခြင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီကို စွန့်ခွာပြီး လက်နက်များ ယူလာကာ CDF ဟားခါးထံ ပူးပေါင်းလာသည့် ဖြစ်စဉ်များလည်း ဆက်တိုက်ရှိခဲ့သည်။

ဧပြီ ၁၃ရက်က ဟားခါးမြို့ရှိ ခလရ(၂၆၆)တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၃ဦး လက်နက်များ ယူလာပြီး အလင်းဝင်ခဲ့ဟု CDF ဟားခါးက အသိပေးထားသည်။

ဧပြီ ၆ရက်ကလည်း ဟားခါးမြို့တွင်းရှိ စစ်ကောင်စီ၏ ရဲတစ်ဦး လက်နက်နှင့်အတူ CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။

အလင်းဝင်လာသူများကို ဆုငွေ ပေးအပ်သည့်အပြင် လုံခြုံရာ နေရာရောက်သည်အထိ တာဝန်ယူမည်ဟု CDF ဟားခါးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။