Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တောင်ပိုင်းက ကျေးရွာ ဗုံးကြဲခံရပြီး ကလေးအပါအဝင်အရပ်သားအချို့ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်း က ကျေးရွာ ကို စစ်ကောင်စီလေတပ်က မေလ ၂ ရက် နေ့ခင်းပိုင်း ၁ နာရီခွဲ ဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ရာမှာ ကလေး တစ်ဦးအပါအဝင်အရပ်သားအချို့ထိခိုက်ဒဏ်ရာရကြတယ်လို့ ကော့ကရိတ်မြို့ ခံသတင်းရင်းမြစ်ထံကသိရပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ (ဓာတ်ပုံ - CINCDS)

မေ – ၄ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်း က ကျေးရွာ ကို စစ်ကောင်စီလေတပ်က မေလ ၂ ရက် နေ့ခင်းပိုင်း ၁ နာရီခွဲ ဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ရာမှာ ကလေး တစ်ဦးအပါအဝင်အရပ်သားအချို့ထိခိုက်ဒဏ်ရာရကြတယ်လို့ ကော့ကရိတ်မြို့ ခံသတင်းရင်းမြစ်ထံကသိရပါတယ်။

ဗုံးကြဲခံရတဲ့ ရွာဟာ KNU တပ်မဟာ (၆) နယ်မြေထဲက ရွာတစ်ရွာဖြစ်တယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ ငါးနှစ်အရွယ် ကလေး တစ်ဦးအပါအဝင် အရပ်သား နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီးနေအိမ် ၁၀ ခန့် ပျက်စီးသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်မြို့မှာ စစ်ရေး ပြင်းထန်နေချိန်မှာ မြို့ရဲ့ တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။

ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ အနီးတဝိုက်မှာ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ သင်္ကြန် ကာလအတွင်းက စတင်ပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

မနေ့ မေလ ၃ ရက်အထိတိုက်ပွဲတွေ ဖြစ်နေဆဲလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဧပြီလကုန်ပိုင်းကကျုံဒိုးမြို့ဆီစစ်ကူတက်လာတဲ့ တပ်မ ၂၂ လက် အောက်ခံ စစ်ကြောင်းကိုKNU ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်ကအကျအဆုံးများပြီး အထိနာခဲ့ပါတယ်။

People’s Spring က ကြည့်ရှုရတဲ့ တိုက်ပွဲအပြီး ရုပ်သံမှတ်တမ်းအရ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ရုပ်အလောင်းတွေမှာ တပ်မ (၂၂) တံဆိပ် ၊ ကမ်းရိုးတန်းစစ်ဌာနချုပ် ဘက်တံဆိပ်တွေ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook