Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ်များနှင့် ညီညွတ်မှုထိခိုက်စေနိုင်သည့် ပြုမူပြောဆိုမှုများမလုပ်ရန် PDF ရဲဘော်များအား တောင်ပိုင်းစစ်ဒေသဒုစစ်ဒေသမှူး တိုက်တွန်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟာမိတ်များနှင့် ညီညွတ်မှုထိခိုက်စေနိုင်သည့် အပြုအမူ အပြောအဆိုများ မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက တိုက်တွန်းလိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားအား တွေ့ရစဉ်။ ဓာတ်ပုံ - Saw Shar Phaung Awar/FB

မေ၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟာမိတ်များနှင့် ညီညွတ်မှုထိခိုက်စေနိုင်သည့် အပြုအမူ အပြောအဆိုများ မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက တိုက်တွန်းလိုက်သည်။

ယနေ့(မေလ ၁၁ရက်)တွင် ရဲဘော်စောရှားက ၎င်း၏ လူမှုကွန်ရက်မှတဆင့် “မူဝါဒသဖွယ် လိုက်နာရန် တိုက်တွန်းချက်”ဟု ရေးသားကာ ရှောင်ကျဉ်လိုက်နာရမည့် အဓိက အချက် သုံးချက်ကို ဖော်ပြသည်။

ယင်းတိုက်တွန်းချက်များမှာ တပ်ဖွဲဝင်အချင်းချင်း ညီညွတ်မှုကိုထိခိုက်စေနိုင်သော အပြုအမူ အပြောအဆိုများ ရှောင်ကျဉ်ရန်၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲများနှင့် ညီညွတ်မှုကို ထိခိုက်စေနိုင်သော အပြုမူ အပြောအဆိုများ မပြုလုပ်ရန်နှင့် ဘဝတူ ညီနောင်တော်လှန်ရေးတပ်ဖွဲများနှင့် ပန်းတိုင်ရောက်သည်အထိ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်တွန်းချက်များ ရေးသားခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် ရဲဘော်စောရှားထံသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

တောင်ပိုင်းစစ်ဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်များ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပြီး မေလ ၈ရက်ကပင် ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၉၈) တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်ကလည်း မေလ ၅ရက်တွင် ကျရောက်ခဲ့သည့် PDF ဖွဲ့စည်းထူထောင်ခြင်း ၄နှစ်ပြည့် မိန့်ခွန်းတွင် PDF တပ်မတော် ထူထောင်နိုင်အောင် တိုက်ပွဲဝင်နိုင်အောင် ကူညီစောင့်ရှောက်ပေးခဲ့သည့် တော်လှန်ပြည်သူများ မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်း အလေးပေး ဖော်ပြခဲ့သည်။

“PDF တပ်မတော်နဲ့ မဟာမိတ်တွေ ပိုချစ်ကြည် ပိုစည်းလုံး၊ ပိုဟန်ချက်ညီပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မဟာဗျူဟာမြောက် တိုက်ပွဲဝင်ကြရင် အဆုံးသတ်အောင်ပွဲဟာ တိုင်းရင်းသား ပြည်သူတရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်”ဟုလည်း ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း အချိန်တိုကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များကို ချေမှုန်းနိုင်ခဲ့ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်အပေါ် ၀ိုင်းဝန်းကျေးဇူးပြုမူကြောင့် ဖြစ်ကြောင်းလည်း PDF ၄နှစ်ပြည့် နေ့တွင် ပြောကြားခဲ့သည်။

ပြည်သူလူထုများသည် PDF တပ်မတော်၏ မိခင်၊ဖခင်ဖြစ်သည်ဆိုပါက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် PDF တပ်မတော်အောင်မြင်စွာ မွေးဖွားလာစေရေး ကူညီပေးခဲ့သည့် သားဖွားဆရာဆရာမများဖြစ်ကြောင်း ဥပမာပေးပြီး ယာယီသမ္မတက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အရေးကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲ ရာထူးနေရာတစ်ခုမှာ အတွေ့အကြုံ မရှိတဲ့ မဟာမိတ် တစ်ဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။

သတင်း

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲ အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေကမေလ ၁၅ရက်နေ့မှာ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင်း ပြန်ဆုတ်ထားသလို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။