Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက စာသင်​ကျောင်း​အားဗုံးမကြဲဟု ​ဗြောင်လိမ်

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

မေ-၁၂၊၂၀၂၅။ကဖေး/People’s Spring

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

အိုးထိန်းတွင်းရွာအလယ်တန်းကျောင်းကိုမေလ ၁၂ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ အဆင့်ဆင့်​ပေါက်ကွဲ​သောပေါင် ၅၀၀ ဗုံးတစ်လုံးဗုံးကြဲခြင်းဖြစ်သည်။​မေ ၁၂ ရက် ည ၁၁ နာရီ​ကျော်အထိ့ရရှိထား​သောစာရင်းများအရ ကျောင်းသားကျောင်းသူ ၂၀ နှင့်ဆရာမ ၂ ဦးစုစုပေါင်း၂၂ဦးသေဆုံးပြီး ၊၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

​သေဆုံးခဲ့​သော​ကျောင်းသား​ကျောင်းသူများတွင်Grade 2 မှ Grade 11 အထိ​ကျောင်းသားများပါဝင်သည်။ ​ကျောင်းသူ အများဆုံးဖြစ်ပြီး ​ကျောင်းသူ ၁၅ ဦး ၊​ကျောင်းသား ၅ ဦးဖြစ်ကာ ၊ Grade 2 တစ်တန်းထဲမှ ၆ ဦးဖြင့်အများဆုံး​သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

Grade2 တွင်ပညာသင်ကြား​နေ​သောမသွန်းစက်ဖြူ ၊ မရွှန်းလဲ့ဝေ ၊ မစုလတ်နိုင်၊ မငြိမ်း​ရွှေရတီမိုး၊မချယ်လီမိုး ၊​မောင်လွှမ်းပိုင်ထက် ၊ Grade 3 မှမ​အေးငြိမ်းစံ ၊မဖြိုး​ဝေဖြိုး ၊​မောင်ဖိုးမိုးသွန်း ၊ Grade 4 မှမမိုး​ဟေ​ကျော် ၊မမွန်မိမိ​အောင်၊မထက်ရတီထွန်း ၊​မောင်ချမ်း​မြေ့​အောင်၊ Grade 5 မှ ​မောင်​ဇေယျာဖြိုး၊ Grade 7 မှ မလှဆုံးမယ်၊မမိုးမြင့်ဟန်၊ မမြတ်နိုးဦး၊ Grade 9 မှ ​မောင်မြတ်နိုး​မောင်​မောင်၊ Grade 10 မှ မမို့မို့ဝင်း၊ Grade 11 မှ မသက်ထား​ဝေ တို့ဖြစ်သည်။

​ကျောင်းဆရာမနှစ်ဦးတွင် တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ် မဇင်မာသူ ဖြစ်ပြီး ကျန်ဆရာမတစ်ဦး၏အမည်ကိုမူ လူထု​နွေဦးကမသိရ​သေး​​ပေ။

လူအစုလိုက်အပြုံလိုက်​သေဆုံး​စေခဲ့​သော​စာ​သင်​ကျောင်းဗုံးကြဲမှုကို ပြည်တွင်းရှိ လွတ်လပ်​သောမီဒီယာများ ၊ ရိုက်တာအပါအဝင် နိုင်ငံတကာသတင်းဌာနများက ရုပ်သံမှတ်တမ်း၊ သတင်းဓါတ်ပုံများဖြင့်​ဖော်ပြ​နေချိန်တွင် စစ်​ကောင်စီကမူ ည ၈ နာရီသတင်းတွင် မျက်နှာ​ပြောင်တိုက်၍ ​ဗြောင်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီက ဒီပဲယင်းတွင်​ဆရာ၊ဆရာမများအပါအဝင် ကျောင်းသား​ကျောင်းသူများ​သေဆုံးထိခိုက်​ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများကမဟုတ်မမှန်​လုပ်ကြံဖော်ပြ​နေခြင်းဖြစ်​ကြောင်း ၊သက်ဆိုင်ရာနယ်​မြေခံလုံခြုံ​ရေးတာဝန်ရှိသူတစ်ဦးကထိုသတင်းမှန်ကန်ခြင်းမရှိ​ကြောင်း ၊စစ်​ရေးပစ်မှတ်မဟုတ်​သော​နေရာများကိုဗုံးကြဲတိုက်ခိုက်ခြင်းမရှိ​ကြောင်း ၊ နိုင်​ငံ​တော်အစိုးရက အနာဂါတ်မျိုးဆက်သစ်​ကျောင်းသား​ကျောင်းသူများပညာရည်မြင့်မား​စေ​ရေးအတွက်​​ဆောင်ရွက်လျက်ရှိသည်မှာပြည်သူများအသိပင်ဖြစ်​ပါကြောင်း စသဖြင့် သတင်းအမှားကြေညာသွားသည်ကို​တွေ့ရသည်။

ထိုအပြင်စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များ၊စစ်တပ်​ထောက်ခံသူများကလည်း သတင်းအမှားများဆက်တိုက်ဖြန့်ချီခြင်း ၊သတင်းကိုပုံဖျက်ခြင်း၊သတင်းဌာနများကတင်​သောသတင်း​အောက်တွင် စစ်တပ်ဝါဒဖြန့်အ​ကောင့်များက အုပ်စုလိုက် သတင်းအမှားဖြန့်ခြင်းများကို အရှိန်အဟုန်ဖြင့်ပြုလုပ်​နေသည်ကိုလည်း​တွေ့ရသည်။

ဗုံးကြဲမှု​ကြောင့်​ ​ကျောင်းသားငယ်များသေဆုံးပြီး​မြေပြင်တွင်အ​ထောက်အထားသက်​သေများစွာရှိ​နေသလို ၊စစ်တပ်က ဗုံးကြဲ၍ ဗုံးအကျွင်းအကျန်အစအနများကိုပင်သက်​သောရှိ​နေ​သော်လည်းစစ်​ကောင်စီကမူ ထုံးစံအတိုင်း ​​ဗြောင်လိမ်​နေခြင်းဖြစ်သည်။

“ကလိန်ကကျစ်စစ်တပ်”ဟု စစ်ကိုင်းတိုင်းအတွင်း လွတ်မြောက်နယ်မြေတစ်ခုမှ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦးက စစ်တပ်ကသတင်းလိမ်လည်ထုတ်ပြန်ခြင်းအ​ပေါ်မှတ်ချက်ပြုသည်။

စစ်ကောင်စီသည်​မေ ၁၂ရက်​နေ့ တစ်နေ့တည်းမှာပင် ဒီပဲရင်းမြို့နယ်အပြင် ချောင်းဦးမြို့နယ်၊ အင်း​တော်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မ်ိုင်းငေါ့မြို့နယ်ခွဲ စသည့်​ဒေသတို့တွင်လည်း လေကြောင်းမှ ဗုံးကြဲ၍ ​ဒေသခံပြည်သူများ ​သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ - မြို့သာလမ်းပိုင်းက ကျေးရွာအချို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲခံရပြီးအရပ်သားထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ထံကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာအာဏာသိမ်းပြီးချိန်မှ ယခုနှစ် မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

ဆောင်းပါး

အာဏာသိမ်းကာလအတွင်း စစ်ဘေးဒဏ် လှိမ့်နေအောင် ခံရတဲ့ အညာပြည်သူတွေအတွက် အခုတခါအလှည့်ကျလာတာကတော့ ရေဘေးပါ။ နှစ်စဥ်ကြုံနေကျရေဘေးဟာ အဘက်ဘက်က ပြိုလဲနေတဲ့ အာဏာသိမ်းကာလအတွင်းမှာတော့ပိုမိုးဆိုးရွားစွာ ရင်ဆိုင်လာရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မိုးရွာသွန်းမှုများလို့ ပဲတီစိမ်းနဲ့နှမ်းခင်းတွေ ဧကထောင်ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။