Connect with us

Hi, what are you looking for?

သတင်း

မန်တုံမြို့ လေကြောင်းတိုက်ခိုက်မှု အရပ်သားတစ်ဦးသေဆုံး၊ ၅ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ကို စစ်ကောင်စီတပ်က ယမန်နေ့(မေလ ၁၂ ရက်)ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

မန်တုံမြို့၊အောင်ချမ်းသာရပ်ကွက်အား စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Yue Han

မေ ၁၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ကို စစ်ကောင်စီတပ်က ယမန်နေ့(မေလ ၁၂ ရက်)ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

မေလ ၁၂ရက် ည ၁၀နာရီခွဲခန့်တွင် မန်တုံမြို့၊အောင်ချမ်းသာရပ်ကွက်ကို လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

” တော်တော်ကို ပြင်းတဲ့ဗုံးကြဲသွားတာ။ လမ်းပေါ် ကျင်းကြီးဖြစ်တယ်။ အိမ်တွေလည်း ပျက်တယ်။သေဆုံးတဲ့သူက သူ့အိမ်ထဲ သူနေတာ။ ပေါက်ကွဲအားကပြင်းထန်တော့ ထိကုန်တာပါ”ဟု ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူသည် အသက် ၂၀ခန့်လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် နေအိမ် ၁၀လုံးခန့် ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ည ၇နာရီ၄၀မိနစ်နှင့်၇နာရီ၄၂မိနစ်ကလည်း TNLAထိန်းချုပ်ဒေသ မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့်ဧပြီလက တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် TNLA ဆွေးနွေးပွဲမအောင်မြင်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်။ မိုးကုတ်မြို့အပါအဝင် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များမှ ထွက်ခွာပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ ပြန်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုထားသည်။

တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈နှင့် ၂၉ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့စဥ် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ခံမည်မဟုတ်ကြောင်း TNLAက မေလ ၅ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်နေ၍ ဒေသခံပြည်သူများ လေကြောင်းရန် သတိပြုကြရန် TNLAက သတိပေးထားသည်။

စစ်ကောင်စီသည် မေလ ၁၂ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ချောင်းဦးနှင့် မော်လူးမြို့တွင်လည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့် ဒဏ်ရာရကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း အရပ်သားနှစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ဟဲနုကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း Indaw Revolution-IR က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။