Connect with us

Hi, what are you looking for?

သတင်း

ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃ဦးရှိလာ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်း၌စစ်​ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရထားသည်။

ဗုံးကြဲမှု​ကြောင့် ​သေဆုံး ဒဏ်ရာရသူများ၏ မိသားစုဝင်များ ။ ဓါတ်ပုံ-CJ

■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေဆုံးပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရ

​မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်း၌စစ်​ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရထားသည်။

ထွန်းရေဝကျေးရွာကို နံနက် ၁၀ နာရီခန့်တွင် စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဗုံး နှစ်လုံးကြဲခြင်းဟု ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” အလောင်းက ၁၃ လောင်းရထားပါတယ်။ဒဏ်ရာရက ၃၀ ကျော်ပြီးလက်ရှိ၂၀ ကျော်ရထားပါတယ်။ထိခိုက်သူ ပိုများလာနိုင်ပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများအားလုံး အရပ်သားများဖြစ်ပြီး ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟုစုံစမ်းသိရသည်။

ထွန်းရေဝကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၍ ၁၃ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရထားကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနအချို့အားဖြေကြားထားသည်။ ရသေ့တောင်မြို့သည် AA သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။

စစ်ကောင်စီသည် နှစ်ရက်အတွင်း ထွန်းရေဝရွာအား လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်ကျုးလွန်ထားသည်။

မေလ ၁၂ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအား လေကြောင်းမှ ဗုံးကြဲရာ​ကျောင်းသား၊​ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ဦး၊ စုစုပေါင်း၂၂ဦးသေဆုံးခဲ့သည်။

ထို့အပြင်​မေလ ၁၂ရက် နံနက်အစောပိုင်းတွင်မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ်လယ်မရွာကို စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး အသက် ၆နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားကာ ၂၀ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရရှိသည်။

နှစ်ရက်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၀ထက်မနည်း ဒဏ်ရာရကာ ၂၀ ကျော်ကို ဖမ်းဆီးသွားသည်။

နိုင်ငံတကာအနေဖြင့်စစ်ကောင်စီ​၏ အရပ်သားပြည်သူများအ​ပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုအရေးယူရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။