Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့တွင် မိုးကြိုးပစ်၍ လူသုံးဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေလ ၁၃ ရက်က မိုးသက်လေပြင်းကျနေစဉ် မိုးကြိုးပစ်၍ ကလေးငယ်တစ်ဦးအပါအဝင် လူဦး သေဆုံးခဲ့ရသည်။

မေ ၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေလ ၁၃ ရက်က မိုးသက်လေပြင်းကျနေစဉ် မိုးကြိုးပစ်၍ ကလေးငယ်တစ်ဦးအပါအဝင် လူဦး သေဆုံးခဲ့ရသည်။

ကျောက်တော်မြို့၊ဇင်းခါရှည်ကျေးရွာတွင် မေလ ၁၃ရက် ညနေ ၃နာရီခန့်က မိုးသက်လေပြင်းကျပြီး နေအိမ်တစ်လုံးအား မိုးကြိုးပစ်ခြင်းဟု သတင်းရရှိသည်။

” မိုးရော၊လေပါ ချတာ။ လေပြင်းကြောင့်တော့ ထိခိုက်တာမရှိခဲ့ဘူး။ မိုးကြိုးပစ်တာမှာတော့ လူသေတဲ့အထိဖြစ်တာ”ဟု ဒေသခံများနှင့်အဆက်အသွယ်ရှိသည့် ရခိုင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မိုးကြိုးထိမှန်သည့် နေအိမ်မှ အသက်(၄)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ ကျောက်တော်မြို့တွင် ယနေ့(မေလ ၁၄ရက်) ညနေ ၃ နာရီ ၅၁မိနစ်ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ယခုရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး ဒေသအများစုတွင် မွန်းလွဲ၊ ညနေပိုင်း အချိန်များ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌ပေးထားသည်။

နွေကာလဖြစ်သည့် မတ်လမှ မိုးဦးကာလဖြစ်သည့် မေလအထိ လေထုမတည်မငြိမ်ဖြစ်စဥ်ကြောင့် မိုးသက်လေပြင်းနှင့် မိုးကြိုးအန္တရာယ် ကြီးမားသည်။

ငလျင်ဘေးသင့်ဒေသများအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီ၂၈ရက်ကလည်း ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်ရာ အမျိုးသားသုံးဦးသေဆုံးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ