Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှု အရပ်သား ခုနစ်ဦးသေဆုံး

ကျောက်တော်မြို့ စစ်ကောင်စီ ထပ်မံမှန်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၇ဦး သေဆုံးပြီး ရခိုင်ပြည်နယ်အတွင်း ၃ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ဦးအထိ ရှိလာသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက မေလ ၁၅ရက်တွင် ဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - AFP

▪️ရခိုင်ပြည်တွင် စစ်ကောင်စီ သုံးရက်ဆက်လေကြောင်း တိုက်ခိုက်၍ အရပ်သား ၂၁ဦးအထိ သေဆုံး

မေ ၁၅၊၂၀၂၅။ကဖေး/People’s Spring

ကျောက်တော်မြို့ စစ်ကောင်စီ ထပ်မံမှန်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၇ဦး သေဆုံးပြီး ရခိုင်ပြည်နယ်အတွင်း ၃ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ဦးအထိ ရှိလာသည်။

ကျောက်တော်မြို့ ရွာမရပ်ကွက်ကို ယနေ့(မေလ ၁၅ရက်) ညနေ ၂နာရီ ၁၀မိနစ်ခန့်မှစ၍ ၁၅မိနစ်ခန့်အတွင်း လေကြောင်းမှ ဗုံးများကြဲချ တိုက်ခိုက်သွားခြင်းဟု ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

” သေဆုံးအတည်ပြုနိုင်တာ ၇ဦး။ ဒဏ်ရာရတာ ၄ဦးပါ။ မနေ့က လာပစ်ထားတော့ ထပ်မလုပ် လောက်ဘူးထင်ပြီး နေကြတာလေ။ ကလေးတချို့ပါတယ်လို့ ကြားတယ်ဗျာ”ဟု ၎င်းက ပြောသည်။

ရွာမရပ်ကွက်ကို ယမန်နေ့(မေလ ၁၄ရက်) ညနေ ၃နာရီ ၅၁မိနစ်အချိန်ကလည်း ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့သောကြောင့်‌ ဒေသခံ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ကျောက်တော်မြို့တွင် နှစ်ရက်ဆက် ဗုံးကြဲမှုအတွင်း ဒေသခံ ၉ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် မေလ ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား၁၂ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ်ကို သုံးရက်ဆက် ဗုံးကြဲခြင်းဖြစ်သည်။

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိရောက်စွာပေးနိုင်ရန်အတွက်အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှတိုက်ခိုက်နေသည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

” စစ်ကောင်စီက မြန်မာနိုင်ငံတဝှမ်းမှာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်။ အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားတွေ ပိုပြီးတော့ ဖြစ်လာအောင် အဲဒီလိုမျိုး ပစ်မှတ်ထားပြီး သတ်ဖြတ်နေတာတွေတွေ့ရတယ်။ ဒါကြောင့်မိုလို့ စစ်ကောင်စီက သူ့ရဲ့လုပ်ရပ်အတွက် ပြောရမယ်ဆိုရင် ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက် ဒီရာဇဝတ်မှုကို သူတို့သည် တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာဖြစ်တယ်ဗျ”ဟု AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

အပြစ်မဲ့အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်ကို ကောင်းစွာမှတ်တမ်းတင်ထားသည်ဟု AA ကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ပုဒ်မနှစ်ခုနဲ့ ခရိုင်တရားရုံးမှာ တရားစွဲတင်ထားကြောင်း AA ရဲတပ်ဖွဲ့ ထုတ်ပြန်

Facebook