Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၅၀ ကျော်ထိရှာတွေ့ထား

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၅၀ ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။

မေလ ၂၀ ရက်က Sky Villa ကွန်ဒို အပျက်အစီးတွေကြားကနေ အမျိုးသမီး ရုပ်အလောင်းကိုရှာတွေ့ခဲ့ပုံ ဓာတ်ပုံ - မီးသတ်

မေ – ၂၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၅၀ ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။

ငလျင်ကြီးအပြီး တစ်လခွဲကျော် ကြာမြင့်လာပေမယ့် Sky Vill ကွန်ဒို ရဲ့အပျက်အစီးတွေ အောက်မှာ ရုပ်အလောင်းတွေကို ရှာတွေ့နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးရက်အတွင်း ကွန်ဒိုရဲ့ အဆောက်အဦး B အဆောင်နဲ့ C အဆောင်တွေကို ရှင်းလင်းရာမှာ တစ်နေ့ကို ရုပ်အလောင်း တစ်လောင်းစီ ရှာတွေ့ခဲ့ကြတယ်လို့ မီးသတ်က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မေလ ၂၁ ရက်နေ့အထိဆိုရင် Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း စုစုပေါင်း ၁၅၄ လောင်းတွေ့ရှိထားပြီးဖြစ်ပါတယ်။

အဲဒီရုပ်အလောင်းတွေမှာ အမျိုးသား ၅၁ဦး၊ အမျိုးသမီး၈၁ဦး၊ ကလေး ၁၃ဦးနဲ့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့ ရုပ်အလောင်း၉ဦး ပါဝင်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးသမားတွေကတော့ အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ကျန်ရှိနေဦးမယ်လို့ ယုံကြည်ထားကြပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

ငလျင်အပြီး ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

မန္တလေးမြို့ လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

သတင်း

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၇၀ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။

သတင်း

ရခိုင်ပြည်နယ်သံတွဲမြို့အနီးကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၉ အဆင့်ငလျင် ယနေ့(ဇွန်လ ၉ရက်) နံနက် ၉နာရီ၄၄မိနစ်၌ လှုပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ မဂ္ဂနီကျု ၆.၃ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။