Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတံတား မပိတ်ထားဘဲ ပုံမှန်အတိုင်း သွားလာလို့ရလို့ ဒေသခံတွေပြော

စစ်ကိုင်းတံတားသစ်(ရတနာပုံ)တံတားကိုပိတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရတနာပုံတံတားအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

မေ ၂၉၊ ၂၀၂၅။မေရီ/People’s Spring

စစ်ကိုင်းတံတားသစ်(ရတနာပုံ)တံတားကိုပိတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးမှုတချို့ရှိခဲ့တဲ့ ရတနာပုံတံတားကို ဒီကနေ့ မေလ (၂၉)ရက်ကစပြီး သွားလာမှုပိတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ ပိတ်ထားတာမျိုးမရှိဘဲ ပုံမှန်အတိုင်း သွားလာလို့ရတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

“သတင်းအမှားပါ။ ပိတ်တာပြုတာမရှိပါဘူး။”လို့ စစ်ကိုင်းက မြို့နယ်အုပ်ချုပ်သူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ စစ်ကိုင်းမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာတော့ ပုံမှန်ထက်ပိုပြီး စစ်ဆေးတင်းကြပ်တာတွေရှိနေတယ်လို့ ဖြတ်သန်းသွားလာခဲ့သူတွေက ဆိုပါတယ်။

ရတနာပုံတံတားဟာ စစ်ကိုင်းငလျင်ကြီးမှာ ပျက်စီးမှုတချို့ ရှိခဲ့ပြီး ယနေ့အချိန်ထိ ကုန်တင်ကားကြီးတွေကို ဖြတ်သန်းမှုပိတ်ပင်ထားပါတယ်။ တကယ်လို့ တံတားကြီးကို ပြန်လည်စစ်ဆေးပြီး ပြုပြင်တာတွေလုပ်မယ်ဆိုရင် အချိန်အတန်ကြာ ပိတ်ထားရမယ့်အခြေအနေရှိကြောင်း နီးစပ်သူအင်ဂျင်နီယာတချို့က ပြောပါတယ်။

ရတနာပုံတံတားပေါ် ကုန်တင်ယာဥ်ကြီးတွေ ဖြတ်သန်းခွင့်ပိတ်ထားလို့ အဲဒီယာဥ်တွေဟာ သင်္ဘောတွေနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးနေရတာကြောင့် သယ်ယူစရိတ်တွေ ပိုမိုများပြားနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီကနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကံဆိုးချင်​တော့ စစ်အာဏာရှင် ၂ ဦး​အောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝ​ဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်​တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်သွားခဲ့တာ ဒီကနေ့ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရရသူ ၅၁၀၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့...