Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းရှိ ကုမ္ပဏီတစ်ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ နံနက် ၁၁နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက လုံးခင်းကျေးရွာ မှော်စီစာ ကျောက်စိမ်းလုပ်ကွက် တစ်ခုအတွင်းရှိ အဆောက်အဦးအချို့ကို မီးရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။

” ဘာကြောင့်ရှို့လဲဆိုတာ သေချာမပြောတက်ဘူး။ လောလောဆယ် ဘာတိုက်ပွဲမှ မရှိဘူး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရသည့် ကုမ္ပဏီမှာ တစ်သုံးလုံးကုမ္ပဏီဖြစ်ဖြစ်သည်ဟု အခြား ကချင်သတင်းရင်းမြစ်တဦးက ပြောသည်။

” အကြောင်းပြချက်မရှိဘဲ ရှို့တာတော့ မဟုတ်နိုင်။ သူတို့ လိုချင်တာ မပေးနိုင်လို့ ရှို့ပုံရ”ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မှော်စီစာဘုရားကုန်းဘက်ကို စစ် ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့သည် မေလ ၃၀ရက်ကတည်းက နေရာယူထားခြင်းဖြစ်ပြီး ယနေ့တွင် ကုမ္ပဏီကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး အင်အားအလုံးအရင်းဖြင့် ဖားကန့်မြို့သို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်နေသည့်ကြားက မေလ ၂၇ရက်ညပိုင်း၌ လုံးခင်းဒေသကို ရောက်ရှိခဲ့သည်။

လုံးခင်းမှ ဖားကန့်မြို့သို့ ဆက်လက်ထွက်ခွာသွားခြင်းဖြစ်ပြီး လုံးခင်း၌ ရောက်ရှိစဉ် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်၍ ပြည်သူ ၅ဦးထက်မနည်းသေဆုံးကာ ပြည်သူအချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ဟု သတင်းရင်းမြစ်အချို့က ပြောပြထားသည်။

ရုပ်သံ – Naw Tu Awng/Fb

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။