Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းရှိ ကုမ္ပဏီတစ်ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ နံနက် ၁၁နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက လုံးခင်းကျေးရွာ မှော်စီစာ ကျောက်စိမ်းလုပ်ကွက် တစ်ခုအတွင်းရှိ အဆောက်အဦးအချို့ကို မီးရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။

” ဘာကြောင့်ရှို့လဲဆိုတာ သေချာမပြောတက်ဘူး။ လောလောဆယ် ဘာတိုက်ပွဲမှ မရှိဘူး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/675838145246796

မီးရှို့ခံရသည့် ကုမ္ပဏီမှာ တစ်သုံးလုံးကုမ္ပဏီဖြစ်ဖြစ်သည်ဟု အခြား ကချင်သတင်းရင်းမြစ်တဦးက ပြောသည်။

” အကြောင်းပြချက်မရှိဘဲ ရှို့တာတော့ မဟုတ်နိုင်။ သူတို့ လိုချင်တာ မပေးနိုင်လို့ ရှို့ပုံရ”ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မှော်စီစာဘုရားကုန်းဘက်ကို စစ် ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့သည် မေလ ၃၀ရက်ကတည်းက နေရာယူထားခြင်းဖြစ်ပြီး ယနေ့တွင် ကုမ္ပဏီကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး အင်အားအလုံးအရင်းဖြင့် ဖားကန့်မြို့သို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်နေသည့်ကြားက မေလ ၂၇ရက်ညပိုင်း၌ လုံးခင်းဒေသကို ရောက်ရှိခဲ့သည်။

လုံးခင်းမှ ဖားကန့်မြို့သို့ ဆက်လက်ထွက်ခွာသွားခြင်းဖြစ်ပြီး လုံးခင်း၌ ရောက်ရှိစဉ် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်၍ ပြည်သူ ၅ဦးထက်မနည်းသေဆုံးကာ ပြည်သူအချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ဟု သတင်းရင်းမြစ်အချို့က ပြောပြထားသည်။

ရုပ်သံ – Naw Tu Awng/Fb

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။