Connect with us

Hi, what are you looking for?

သတင်း

မေခ၊ မလိခမြစ်ရေကြီးနေ၍ ပူတာအို၊ ချီဖွေအနိမ့်ပိုင်းဒေသများ ရေမြုပ်

ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား

ပူတာအိုနှင့် ချီဖွေမြို့တို့တွင် မိုးများ၍ မြစ် ရေကြီးနေစဉ်။ ဓာတ်ပုံ - Naw Tu Awng

မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေခနှင့် မလိခမြစ်တို့တွင် မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြစ်ဘေးတလျှောက် နေထိုင်သူများ ရေဘေးသတိပြုရန် ကချင်ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

မေခနှင့် မလိခမြစ်ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာ၀တီမြစ်ရေသည်လည်း ရေဆက်လက် မြင့်တက်နေကာ မြစ်ကြီးနားမြို့တွင် ရေဘေးသတိပေးမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။

” ပူတာအို မလိခမြစ်ရေ ဆက်လက်မြင့်တက်နေဆဲ။ ပူတာအိုအနိမ့်ပိုင်းနေရာအချို့ ရေနစ်မြုပ်နေပြီ။ မေခမြစ်ဘေးက ချီဖွေ ။ မနှစ်ကထက် ရေတက်အား ပိုကောင်းလို့ အရေးပေါ်ပြောင်းရွှေ့နေကြရ။ နှစ်စင်းလုံးအရှိန်ကောင်းကောင်းနဲ့ အောက်ဖက်ကို ဆင်းလာနေတယ်။ ဒါက မြစ်ကြီးနား ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေတယ်။ မြို့နဲ့ နီးတဲ့ရေလယ်ကျွန်းအားလုံးမြုပ် ပြီ” ဟု ကချင်သတင်းရင်းမြစ်က ရေကြီးမှုကြောင့် နေအိမ်များ နစ်မြုပ်နေမှု မှတ်တမ်းများ ပြသ၍ ပြောသည်။

Public Service Announcement

Public Service Announcement

မေခနှင့် မလိခမြစ်ရေ အပြိုင်ရေတက်နေပြီး အောက်ဖက်ဒေသရှိ မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ပြင်ဆင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

အခြားကချင်သတင်းရင်းမြစ်အချို့ကလည်း မေခ နှင့်မလိခ မြစ်နှစ်သွယ်လုံး၏ မြစ်ဖျားပိုင်းတွင် မြစ်ရေဆက်လက် မြင့်တက်နေဆဲဖြစ်၍ မြစ်ကြောင်းတလျှောက်ရှိ ပြည်သူများသတိထား နေထိုင်ရန် အကြံပြုထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ​မေလ ၂၉ ရက်တွင်အား​ကောင်း​သောမုန်တိုင်းငယ်ဖြစ်ခဲ့ပြီး ထိုမုန်တိုင်းအရှိန်​ကြောင့် ကချင်ပြည်နယ် ၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကို အထူးသတိပြုသင့်​ကြောင်း NUG ၏ MOHADM က ​မေ ၂၉ ရက်တွင်သတိ​ပေးထားသည်။ ထိုမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းနိုင်​ကြောင်းလည်းခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊မန်စေခွန်ကျေးရွာအပါအဝင်​ကျေးရွာအချို့မှာ မိုးသည်းထန်ပြီး တောင်ကျရေ​တွေနဲ့အတူ ပါလာတဲ့တဲ့သဲမြေတွေ၊ရွှံနွံ​တွေ ဖုံးလွမ်းသွားတဲ့အတွက် စပါးစိုက်ခင်းတွေ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့များဖြစ်သောမြဝတီနှင့်တာချီလိတ်မြို့တွင်သောင်ရင်းနှင့် မဲဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်၌ကျော်လွန်နေ၍ရေဘေးကြုံတွေ့နေပြီးလက်ရှိတွင်ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းမှ ‌မြစ်လေးစင်း စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။

သတင်း

ကချင်ပြည်နယ်၊ပူတာအိုမြို့အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ ၁၃၈ )ကိုပို့မည့် ဆီပေပါအလုံး ၅၀ ကို သိမ်းဆည်းရရှိကြောင်း PDF ပူတာအို က ယနေ့ ထုတ်ပြန်သည်။