Connect with us

Hi, what are you looking for?

သတင်း

ချီဖွေဒေသမှာ ပြည်သူတွေကန့်ကွက်တဲ့နေရာတွေမှာ ရွှေမတူးဖို့ KIOတားမြစ်

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

အောက်တိုဘာ-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

ပြည်သူတွေကန့်ကွက်တဲ့နေရာတွေမှာ ရွှေတူးဖော်မှု မလုပ်ကြဖို့၊ ရွှေတူးဖော်မှုကြောင့် ရေကြောင်းလမ်းနဲ့ ကားလမ်းတွေထိခိုက်ပျက်စီးမှုတာ ကာကွယ်ဖို့ ရည်ရွယ်ပြီးအခုလို ကန့်သတ်တားဖြစ်လိုက်တာလို့ အသိပေးထားပါတယ်။

အခု ကန့်သတ်လိုက်တဲ့ ဧရိယာဟာ ချီဖွေဒေသနဲ့ နီးစပ်သော မေခမြစ်ကြောတကြောရှိရွှေတူးသူအားလုံး ပါဝင်တယ်လို့လည်း သတင်းဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ချီဖွေမြို့ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကာလမှာ စစ်အုပ်စုနဲ့ နီးစပ်သူတွေက စက်ယန္တရားတွေသုံး ရွှေတူးဖော်တာတွေ ကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာရှိပါတယ်။

အရင်က မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်တဲ့ချီဖွေကို စစ်ကောင်စီနဲ့လက်အောက်ခံ ဦးဇခုန်တိန့်ယိမ်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ က ထိန်းချုပ်ထားတာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာKIAက သိမ်းပိုက်ခဲ့တာပါ။ ချီဖွေအပါအဝင် ဦးဇခုန်တိန့်ယိမ်းအဖွဲ့ ထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ(၁)နယ်မြေတခုလုံးကို KIAက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။