Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့၏ အဓိကစခန်းဖြစ်သော ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ငါးရက်ဆက်ပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ အ​ရေးပါ​သောစခန်းတစ်ခုဖြစ်သည့် ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ၅ ရက်ဆက်ပြင်းထန်နေပြီး ​တော်လှန်​ရေးတပ်များက စစ်တပ်ထံမှလက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့ဖမ်းမိထားကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံတိုက်ခိုက်နေသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PLA

■စစ်တပ်ကလေကြောင်းမှအပြင်းအထန်ခုခံနေပြီး လက်နက်ခဲယမ်းများနှင့်သုံ့ပန်းအချို့ ​တော်လှန်​ရေးတပ်များရရှိထား

ဇွန်-၆​၊၂၀၂၅။ယောနသံ/People’s Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ အ​ရေးပါ​သောစခန်းတစ်ခုဖြစ်သည့် ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ၅ ရက်ဆက်ပြင်းထန်နေပြီး ​တော်လှန်​ရေးတပ်များက စစ်တပ်ထံမှလက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့ဖမ်းမိထားကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံတိုက်ခိုက်နေသည်။

ဂန့်ဂေါ-ပုလဲလမ်းပိုင်းရှိကမ်းဒေါင့်စခန်းကို ဇွန်လ ၂ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျန်တပ်ဖွဲ့များက စစ်ကောင်စီစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” စစ်ဆင်ရေးဗျူဟာအတိမ်း အစောင်းဖြစ်မှာစိုးလို့ PLAက ရှေ့တန်းကနေတိုက်နေတာပါ။ ရလဒ်ကောင်းပါတယ်။ PLA ကထုတ်ပြန်ပါလိမ့်မယ်”ဟု ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်နေသည့်​တော်လှန်​ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲစတင်သည့်‌ နေ့ကတည်းက စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၆ရက်တွင်လည်း နံနက် ၁နာရီမထိုးခင်မှစ၍ ဂျက်ဖိုက်တာဖြင့်ရော၊ Y12 ​လေယာဥ်ဖြင့်ပါဗုံးကြဲ၍ စခန်းမကျ​အောင် ခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။

ထို့အပြင်ကမ်းဒေါင့်စခန်းကိုစစ်ကူရန်လာသည့် အင်မထီးရွာမှ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှာလည်း​တော်လှန်​ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး ငါးဦးကို အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ပုလဲမြို့နယ်တွင် ကမ်းဒေါင့်စခန်း၊ အင်မထီးရွာ၊ ဇီးဖြူကုန်းရွာ၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် စစ်ကောင်စီကတပ်စွဲထားပြီး ကမ်းဒေါင့်စခန်းသည် စစ်ကောင်စီနှင့်ပျူစောထီး အင်အားအများဆုံးရှိ​သောစခန်းဖြစ်သည်။ ၈မိုင်ခန့်ဝေးသောအင်မထီးရွာမှစစ်ကူလာရန်ကြိုးပမ်းခဲ့သော်လည်း ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။

ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲသည် ဇွန် ၆ ရက်ညနေအထိပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းမှဆက်လက်ဗုံးကြဲခုခံနေကြောင်းသတင်းရရှိသည်။စခန်းကို စီးနင်းတိုက်ခိုက်နေဆဲဖြစ်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

သို့​သော်တော်လှန်ရေးပူးပေါင်းတပ်များက သတင်းမထုတ်ပြန်သေးပေ။

ပုလဲမြို့နယ်တွင် ကမ်းဒေါင့်စခန်းကိုသိမ်းယူနိုင်ပါက ကျန်စခန်းများသည် ဖြတ်တောက်ပိတ်ဆို့ထားရုံဖြင့် လက်နက်ချနိုင်ကြောင်း ကာကွယ်ရေးရဲဘော်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။