Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်ရွာခုနှစ်ရွာမှပြည်သူများကို မွေတော်ဘုရားဝင်းသို့ ရွေ့ပြောင်းရန် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ် စေခိုင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ရွာ ၇ရွာမှ​ ပြည်သူ​ခြောက်​ထောင်​ကျော်ကို ဇွန်လ၁၅ရက် နောက်ဆုံးထား‌နေရာပြောင်း​ရွေ့ရန် စစ်တပ်လက်အောက်ခံ PNOပြည်သူ့စစ်ကစာ ပေးပို့ထားသည်။

စစ်​ကောင်စီလက်​အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့၀င်များ ဓါတ်ပုံ- PNO

ဇွန်-၇၊၂၀၂၅။ ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ရွာ ၇ရွာမှ​ ပြည်သူ​ခြောက်​ထောင်​ကျော်ကို ဇွန်လ၁၅ရက် နောက်ဆုံးထား‌နေရာပြောင်း​ရွေ့ရန် စစ်တပ်လက်အောက်ခံ PNOပြည်သူ့စစ်ကစာ ပေးပို့ထားသည်။

ဇွန်လ ၇ရက် ကပအိုဝ်းဘာသာဖြင့် PNOက ကျေးရွာများသို့ စာပို့ခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီကိုတော်လှန်နေသည့် PNLA က စာထုတ်ပြန်ထားခြင်းဖြစ်သည်။

PNO ပြည်သူ့စစ်စာတွင် ဆီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ၊တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ကလားလမ်ရွာတို့မှဒေသခံများကို ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့ ဖိအားပေးပြောင်းရွေ့ခိုင်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မပြောင်း‌ရွေ့ပါကရွာမှထွက်သွားရမည်ဟု ဖော်ပြထားပြီး မထွက်သွားပါက တာဝန်မယူဟု PNO ပြည်သူ့စစ်က ခြိမ်းခြောက်ထားသည်။ကျေးရွာမှ ထွက်ခွာသည့် ရွာသူရွာသားများအနေဖြင့် တောင်ယာနှင့် စစ်ဘေးရှောင်စခန်း များသို့ သွားရောက်နေထိုင်ခြင်း မပြုရန်တားမြစ်ထာပြီး မွေတော်ဘုရားဝန်းသို့သာ ပြောင်းရွှေ့ရန် စာ၌ ပါရှိသည်ဟု PNLAက ထုတ်ပြန်သည်။

ယင်းကျေးရွာများအနက်အချို့ရွာများသည် တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့သည် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့်ကျေးရွာများဖြစ်သည်ဟု PNLAက ထုတ်ပြန်သည်။ ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာပေးပို့ပြီးနောက်ကျေးရွာအချို့တွင်စစ်တပ်နှင့် PNO ပြည်သူ့စစ် ဝင်ရောက်တပ်စွဲခဲ့သည်ဟုသိရသည်။

“သူတို့ ဒီလိုလုပ်တာက တော်လှန်ရေးနဲ့ လူထုကို အဆက်အသွယ်ပြတ်အောင် တော်လှန်ရေးနဲ့ လူထုကို ထိစပ်မှု မရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။

ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူလူထု၏ ရပ်ရွာများရှိ ဥစ္စာစည်းစိမ်းများကို ဖျက်ဆီးလို၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လည်း၎င်းကဆက်​ပြောသည်။

PNOသည် စတင်ဖွဲ့စည်းစဉ်ကပြည်သူ့ကြားက ဖြစ်ပေါ်လာပြီး ပြည်သူလူထုကျွေးသည့် ထမင်းကို စားပြီး ဖွဲ့စည်းထားဖြစ်သော်လည်း ကိုယ်ကျိုးစီးပွားအတွက် ပြည်သူကို ပြန်လည်မောင်းထုတ်နေသည့် အဖွဲ့ဖြစ်သည်ဟု ခွန်ရိန်းယံက ပြောသည်။

“ သူတို့စာအရဆိုရင် ပြည်သူလူထုကစစ်ဘေးဒဏ် မခံချင်လို့ စစ်ဘေးရှောင်စခန်းသွားနေတာတို့ တောင်ယာထဲ သွားနေတာတို့လည်း သူတို့ မပေးလုပ်ဘူး။ အဲဒီ မွေတော်ဘုရား၀ိုင်းထဲကို အကုန်လုံးသွားစုရမယ်ဆိုတဲ့ အမိန့်မျိုးပေးလာတာဖြစ်တယ်။ ဒါက အဲဒီကျေးရွာတွေမှာရှိတဲ့ ပြည်သသူလူထု အားလုံးကိုဖမ်းပြီးမှ ထောင်ထဲ ထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်” ဟုခွန်ရိန်းယံက ပြောကြားသည်။

PNO ပြည်သူ့စစ်သည် စစ်ကောင်စီ အလိုကျ ပအိုဝ်းဒေသခံများကို စစ်သားစုဆောင်းပေးခြင်း၊စစ်ကောင်စီတပ်နှင့်အတူ စစ်ဆင်ရေးများ၌ ပါဝင်ခြင်းများ ပြုလုပ်လျက်ရှိရာ ပအိုဝ်းတော်လှန်ရေးအင်အားစုများက PNO၏ လုပ်ရပ်ကို ရပ်တန့်ပြီး တော်လှန်ရေးဘက်ပူးပေါင်းရန်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပအိုဝ်းဒေသဆီဆိုင်မြိုနယ်နောင်ဗိုကျေးရွာကိုစစ်ကောင်စီလက်အောက်ခံ PNO/PNAပြည်သူ့စစ်က မီးရှို့ခဲ့၍ အိမ်ခြေ ၂၀ထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံက ပြောသည်။