Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် မွေးနေ့ရှင်အပါအဝင်နိုင်ကျဉ်းများအားလုံးလွတ်မြောက်ရေး ဆန္ဒပြုဆုတောင်းပေးရန် NLD မေတ္တာရပ်ခံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြု ဆုတောင်း မေတ္တာပို့ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က တိုက်တွန်းချက် ထုတ်ပြန်ကြေညာသည်။

ဇွန်လ ၁၉ ရက်တွင် အသက် ၈၀ ပြည့်မည့်ဒေါ်​အောင်ဆန်းစုကြည်သည် ဘဝသက်တမ်းတ​လျှောက် မြန်မာနိုင်ငံအတွက် ဒီမိုက​ရေစီနှင့် လူ့အခွင့်အ​ရေးအတွက်တိုက်ပွဲဝင်ခဲ့ရာ စစ်အာဏာရှင်များက ​အညှိုးထားထောင်သွင်းအကျဥ်းချမှု​များကြောင့်နှစ်​ပေါင်း ၂၀ နီးပါး အကျဥ်းကျခဲ့သည်။ ဓါတ်ပုံ-AFP

ဇွန်-၁၀၊၂၀၂၅။ထားမြတ်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြု ဆုတောင်း မေတ္တာပို့ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က တိုက်တွန်းချက် ထုတ်ပြန်ကြေညာသည်။

NLD ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ဖြစ်သောယခုနှစ် ဇွန်လ ၁၉ ရက်နေ့မနက် ၈ နာရီတိတိတွင် မိမိတိုနေအိမ်တွင်း သို့မဟုတ် ရောက်ရှိရာအဆောက်အဦးအတွင်း၌ မိမိတိုကိုးကွယ်ယုံကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုဆန္ဒပြုလျက် ဆုတောင်းမေတ္တာပိုခြင်းကို ၈ မိနစ်ကြာဆောင်ရွက်ပေးရန် NLD မွေးနေ့ ကျင်းပရေးကော်မတီက ပန်ကြားခဲ့ခြင်းဖြစ်သည်။

ထိုအပြင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Mr. Kim (ခ) ဦးထိန်လင်း ဦးဆောင်သော မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ် Happy Birthday SUU Video Challenge ၌ ပါတီဝင်ထု တရပ်လုံးနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံသားအပေါင်းတို အပြည့်အဝပူးပေါင်းပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်ုပ်တိုမြန်မာနိုင်ငံအား ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အပြည့်အဝအာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် နိုင်ငံရေး နည်းလမ်းများဖြင့်စွန့်လွှတ်စွန့်စားကြိုးပမ်းဆောင်ရွက်မှုများကြောင့် စစ်အာဏာရှင်အဆက်ဆက်တို့၏ ဥပဒေမဲ့ မတရားဖမ်းဆီးအကျဉ်းကျခံခဲ့ရကြောင်း ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၁၉၈၉ ခုနှစ်ဇူလိုင် ၂၀ ရက်နေ့မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကာလအတွင်း ၁၅ နှစ် ၄ လ ခန့် ရှိ အကျဉ်းကျခဲ့ပြီး ဒီပဲယင်းအရေးအခင်းကဲ့သို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုများကိုလည်း အကြိမ်ကြိမ် ကြုံခဲ့ရဟုသည်ဟု ​ဖော်ပြထားသည်။

ပြည်သူလူထု၏တခဲနက်ထောက်ခံမှုဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအကန့်အသတ်များကြားမှပင် ပြည်သူလူထုထောက်ခံ ပါဝင်မှု မြင့်မားစွာဖြင့်တိုင်းပြည်ကိုဘက်စုံဖွံဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်း များကိုပြည်သူများ လွတ်လွတ်လပ်လပ် လေ့လာထိတွေ့ခံစားစေနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထိုကြောင့် ပြည်သူလူထု၏ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပြီး၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူလူထု၏ ၈၂ ရာခိုင်နှုန်းကျော်သောဆန္ဒမဲဖြင့် ဆက်လက်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသော်လည်း စစ်အာဏာရှင်စနစ်ကိုထူထောင်လိုသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေမဲ့အာဏာသိမ်းကာ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ၁၅၉၀ ရက်ရှိပြီဟု အသိပေးသည်။

ထို့ကြောင့် မတရားအကျဉ်းကျခံနေရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် တိုင်းပြည် အနာဂတ်အတွက် အရေးပါဆုံးသောလုပ်ငန်းစဉ်တခု အဖြစ်ခံယူကြောင်း NLDက ဖော်ပြကာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်မြတ်နိုးသောသူများအနေဖြင့် နိုင်ကျဉ်းများ လွတ်မြောက်ရေး ဆုတောင်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏သား ဦးထိန်လင်း ဦးဆောင်သော မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ်၌ပါဝင်ပူပေါင်းပေးကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။