Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှ AA နှင့် ပူးပေါင်းတပ်ထိန်းချုပ် ဒေသအချို့ကို စစ်ကောင်စီဗုံးကြဲ ၊ ရေကြည် နှင့် ငသိုင်းချောင်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွား

အာရက္ခတပ်တော်(AA) နှင့်ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် ရေကြည်မြို့နယ်မှ ရှောပြာ နှင့်စက်စက်ယိုရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ငါးသိုင်းချောင်း -ဂွလမ်းပိုင်းရှိ ရေနံ့သာရွာအနီး နှင့် အမြောက်တပ် ၃၄၄ ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေသည်။

ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA) နှင့်ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် ရေကြည်မြို့နယ်မှ ရှောပြာ နှင့်စက်စက်ယိုရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ငါးသိုင်းချောင်း -ဂွလမ်းပိုင်းရှိ ရေနံ့သာရွာအနီး နှင့် အမြောက်တပ် ၃၄၄ ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေသည်။

ပုသိမ်-မုံရွာလမ်းပိုင်းမှရေကြည်မြို့နယ်စက်စက်ယိုကျေးရွာနှင့် ရှောပြာ‌ ကျေးရွာကို ပြီးခဲ့သည့် ဧပြီလက တိုက်ပွဲများတွင် AA က ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲက ရေနံသာနား နဲ့ ၃၄၄ နားမှာ ဖြစ်နေတာပါ။ လေယာဉ်ရော၊လက်နက်ကြီးရောနေ့ရော၊ညပါ ပစ်ပါတယ်။ ညဘက် ပိုပစ်ပါတယ်။ ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရတာပါ” ဟု ငသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရေနံ့သာရွာသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကိုချိတ်ဆက်ထားသည့် ဂွ-ငသိုင်းချောင်းလမ်းပိုင်း၌ တည်ရှ်ိသည်။

၂၀၂၄ ဒီဇင်ဘာလ ၂၉ရက်ကရခိုင်ပြည်နယ်ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် ဧရာဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံမြို့တို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို AAက ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက်ဖေဖော်ဝါရီလမှစ၍ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အနီးရှိ အမြောက်တပ်(၃၄၄)အား ဦးတည်သည့်တိုက်ပွဲများတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အမြောက်တပ်(၃၄၄)၏ကာကင်းစခန်းချို့ကိုသိမ်းယူထားနိုင်သော်လည်း AAကအသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ရေကြည်မြို့နယ် နှင့်ဆက်စပ်နေပြီး ဟင်္သာတခရိုင်အတွင်းပါဝင်သည့် လေးမျက်နှာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်နေသည်။လေးမျက်နှာမြို့နယ်အတွင်းမှ ကျေးရွာအချို့ကိုလည်း AAနှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားကြောင်းသတင်းများရှိသည်။

၎င်းတို့လက်လွှတ်ခဲ့ရသည့်ကျေးရွာများကို စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက တိုက်ပွဲပြင်းထန်ခဲ့သည့် ရွှေသောင်ယံ နှင့်သာပေါင်းမြို့နယ်တွင်မူ လတ်တလောတိုက်ပွဲငြိမ်သက်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းများဖြင့်အင်အားတိုးထားသည်။

မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်သွားသော ငလျင်ကြောင့် စစ်ကောင်စီကရော AAပါဝင်သည့်မဟာမိတ်သုံးဖွဲ့အပစ်ရပ်ထားသည်။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးသော်လည်းဧပြီလ ၅ရက်​နေ့က ​နောက်ဆုံးထုတ်ပြန်ရာတွင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှ AA သိမ်းယူထားသည့်စခန်းများကို စစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ​ဖော်ပြထားသည်။ စစ်ကောင်စီကမူ AAနှင့် ဖြစ်ပွားနေသောတိုက်ပွဲများကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။