Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကံကြီးရွာမှဆုတ်သွားပြီး နောင်ချိုကြီးရွာမှာတိုက်ပွဲ​တွေဆက်ဖြစ်​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေကပြောပါတယ်။

TNLA တပ်ဖွဲ့ဝင် ၁ ဦး နဲ့ ​​နောင်ချို​ဒေသ​​မြေပုံ။ ဓါတ်ပုံ-TNLA

ဇွန်-၁၃၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေကပြောပါတယ်။

နောင်ချိုမြို့တောင်ဘက်ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ အမြောက်တပ်တွေရှိရာ တောင်းခမ်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၇ရက်မှာ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာအထိ ရောက်လာခဲ့တာပါ။ ကံကြီးရွာမှာ TNLA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

ကံကြီးရွာနှင့် ​နောင်ချို ၊​တောင်းခမ်းတို့ကို Google Earth တွင်​တွေ့ရပုံ

အဲဒီနောက် ဇွန်လ ၉ရက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ပိန္နဲကုန်းနဲ့ ကံကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ကံကြီးရွာရဲ့ အရှေ့ဘက်နားက နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

“နောင်ချိုကြီးဘက်တော့ အုန်းဒိုင်းပဲ”လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ နောင်ချိုကြီးကျေးရွာဟာ နောင်ချိုမြို့ကို တိမ်ပင်လယ်လာရောက်ကြည့်ရှု့သူတွေလာကြတဲ့နေရာဖြစ်ပြီး ထင်ရှားပါတယ်။

ကံကြီးရွာကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုကြီးကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ တောင်းခမ်းရွာကို သွားတဲ့ လမ်းပိုင်းက မက်မန်းတောကျေးရွာနားမှာ စစ်ကြောင်းတစ်ကြောင်းဆိုပြီး ဆုတ်ခွာသွားတာလို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

မန္တလေး PDFရဲဘော်တွေ ဇွန်လ ၉ရက်မှာ စစ်ကူရောက်လာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်တာ ရှိ၊မရှိဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ကံကြီးရွာကို ရောက်လာစဉ်မှာ (၈)မိုင်ကျော်ကွာဝေးတဲ့ နောင်ချိုမြို့ကို လက်နက်ကြီးတွေနဲ့ ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။ ပြီးခဲ့သည့် ဇွန်လ ၄ရက်ကလည်း နောင်ချိုမြို့၊စျေးရပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် နှစ်လုံးနဲ့ ကမ္ဘောဇကျောင်းတိုက်ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၀ရက် ညနေပိုင်းကလည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို ဟောင်ဝေဇာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ လုံဝယ်ကျေးရွာအတွင်း လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် (၅၂)နှစ်အရွယ် ဦးကျော်မင်းဆိုသူ ထိမှန်ခဲ့တာပါ။

နောင်ချိုမြို့တောင်ဘက်က ကံကြီးကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ အဲဒီမြို့ခံချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။