Connect with us

Hi, what are you looking for?

သတင်း

အတုအယောင်ရွေးကောက်ပွဲအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ၂၂)မှာအတုအယောင်ရွေးကောက်ပွဲကိုအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းသပိတ်လှုပ်ရှားမှုတွေအသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၂၂၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ၂၂)မှာအတုအယောင်ရွေးကောက်ပွဲကိုအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းသပိတ်လှုပ်ရှားမှုတွေအသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းဟာဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းကစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်လက်ပံတောင်းတောင်ဒေသမှာလည်းသပိတ်အင်အားစုဦးဆောင်ပြီး “Freedom form Fearအကြောက်တရားမှ လွတ်မြောက်ရေး” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့သပိတ်ထွက်ရှိခဲ့ကြပါတယ်။

ဒါ့အပြင်ယာယီထိုင်သပိတ်မှာယုံကြည်ချက်ကြောင့်အကျဥ်းကျနေသူတွေအတွက် ဆုတောင်းပေးခဲ့ကြပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ ဖမ်းဆီးထားသောနိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရန်တို့ကို တောင်းဆိုခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

(ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်)

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။