Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမှာ စစ်ကူလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၃ ဦး သေဆုံးပြီး ဒုတပ်ကြပ်တစ်ဦး ဖမ်းဆီးရမိ

ရဲတစ်ဦးအလင်းဝင်ပြီး စစ်မှုထမ်း ၂ ဦးကို ကယ်ထုတ်

စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများနဲ့ ဖမ်းမိစစ်သုံ့ပန်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Natogyi PDF

ဇွန်-၂၃၊ ၂၀၂၅။ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၁၃ ဦး သေဆုံးပြီး ဒုတပ်ကြပ်တစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ပါတယ်။

၉/အညာမြေစစ်ဆင်ရေးအနေနဲ့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း၊ တံတားဦး(ပကဖ)တို့ဟာ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ပွဲငယ်တွေ ဖော်ဆောင်ပြီး တားဆီးတိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး PDFက ဒီကနေ့ ဇွန်လ (၂၃)ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများနဲ့ ဖမ်းမိစစ်သုံ့ပန်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – Natogyi PDF

တိုက်ပွဲငယ်များအတွင်း စစ်ကောင်စီရဲ့ တပ်မ (၈၈)က ဒုတပ်ကြပ် (၁)ဦး ဖမ်းဆည်းရမိခဲ့ပြီး ရဲတပ်သား (၁)ဦးကတော့ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ နွားထိုးကြီး PDFက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်မှုထမ်း ဥပဒေနဲ့ မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်(၂)ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲငယ်များအတွင်း စစ်ကောင်စီထံကနေ MA-1 (၁)လက် ၊ MA-3 (၁)လက် ၊ G-3 ကျည် (၉၂)တောင့် ၊ 5.56 ကျည် (၁၅၀၀)တောင့် ၊ M9 (၁၂)လုံး ၊ ၆၀ မမ (၈)လုံး ၊ ၆၀ မမ ဒေါက် (၁)ခု ၊ RPG အဖူး (၂)ဖူး ၊ RPG ပို့ကျည် (၂)တောင့် ၊ နင်းမိုင်း (၁၄)လုံး ၊ လက်ပစ်ဗုံး (၁၁)လုံး ၊ Drone Shooter (၁)လက် ၊ ကျည်ဘောက် (၆)ဘောက်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ နွားထိုးကြီး PDFက ထပ်မံအသိပေးပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား (၁၃)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရကာ အလောင်း (၁) လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ နွားထိုးကြီး PDFက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နွားထိုးကြီး PDF ကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။