Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုကို စစ်​ကောင်စီကိုပြန်​ပေးမှာ မဟုတ်ဘူးလို့ TNLA ​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်ပေးမှာ မဟုတ်ဘူးလို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

၂၀၂၄ ဇူလိုင် ၁၀ ရက်တွင် TNLA ၊ MDY-PDF နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက ​နောင်ချိုမြို့နယ်ကိုသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-MDY-PDF

ဇွန်-၂၆၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်ပေးမှာ မဟုတ်ဘူးလို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

“လက်ရှိအချိန်အထိကတော့ ဒါက သတင်းအတုတွေသာဖြစ်တယ်။ ကျွန်မတို့ကတော့ ဒီလိုမျိုးပြန်ပေးဖို့ အစီအစဉ်ကတော့ မရှိသေးဘူး။ ဗဟိုက

တော့ ညွှန်ကြားတာမျိုးတွေတော့ မရှိသေးဘူး”လို့ နောင်ချိုမြို့ကို TNLAက စစ်ကောင်စီထံပြန်ပေးမယ်လို့ သတင်းထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးမေးမြန်းမှုအပေါ် TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ငြင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် နောင်ချိုမြို့အနီးရောက်လာပြီးနောက် TNLAက နောင်ချိုမြို့ကို စစ်ကောင်စီထံပြန်ပေးမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန် နယ်တွေနဲ့ ဒေသခံတွေကြား ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေဖြန့်ချီ​ခဲ့ပါတယ်။

လက်တလောမှာ နောင်ချိုမြို့အနီးကကံကြီကျေးရွာတောင်ဘက်က နေရာအနှံ့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ လွေးယေဦးက ပြောပါတယ်။

” လက်ရှိ ဒီတလောမှာ ကျွန်မတို့ TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက နောင်ချိုအနီးတဝိုက်မှာရှိတဲ့ တောင်းခမ်းတဝိုက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ် ။အခြားနောင်ချိုအနီးမှာတည်ရှိတဲ့ ရွှေသွန်းရွာ ၊ကုန်းတာ၊ နောင်သြတို့ နောင်လင်၊ နောင်ဖာအစရှိတဲ့ မဲပုတ်ကျေးရွာဘက်တွေမှာလည်း ပွဲတွေဖြစ်ပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ​ကြောင့်တိုက်ပွဲ​တွေဟာမြို့နဲ့ ပိုနီးလာ​နေပါတယ်။ လက်ရှိမှာ စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာနေတယ်လို့လည်း TNLAက ပြောပါတယ်။

ဇွန်လ ၂၅ရက်တစ်ရက်အတွင်း နောင်ချိုမြို့နယ်က နောင်လင်၊ နောင်သြ၊ လုံစံနဲ့ နောင်ဖာကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဇွန်လ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ရက်က နောင်လင်ကျေးရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၁၄လုံးနဲ့လက်နက်ကြီး၅၄လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် နောင်သြကျေးရွာမှာလည်း စစ်တပ်နဲ့ တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇)လုံး၊ လက်နက်ကြီး (၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ထပ်မံဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ လုံစံကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံး (၄)လုံး၊ လက်နက်ကြီး (၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အုမ္မခါးကျေးရွာဘက်လည်း ဒရုန်းနဲ့ ဗုံး (၃)လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အင်အား ၆၀၀၀ ခန့်အသုံးပြု ထိုးစစ်ဆင်လာနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။