Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်၍ ကလေး ၃ဦး အပါအဝင် ၅ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သားပြည်သူများနှင့် အပျက်အစီးများ၊ ဗုံးအပိုင်းအစများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU

ဇွန်-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၈ရက်က ကျောက်ကြီး(လယ်ဒို)မြို့နယ် ဟင်္သာဝဲရွာကို စစ်ကောင်စီလေတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ အသက် ၂နှစ်အရွယ် ကလေးငယ် ၂ဦး၊ အသက် ၁၂နှစ်အရွယ် ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရရှိကာ နေအိမ် ၉လုံး ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် စစ်ကောင်စီက ဇွန်လ ၂၆ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီးနောက် လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

PDFနှင့် KNLA ပူးပေါင်းတပ်၏ ဇွန်လ ၂၆ရက် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က ၇ဦးထက်မနည်း သေဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ဦးကို တော်လှန်ရေး ပူးပေါင်းတပ်က ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၂၈လက်နှင့်ခဲယမ်းများ သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၆ရက်က စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၃)နယ်မြေ မူး(မုန်း)မြို့နယ်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်ရှိခဲ့သည်။ ကညွတ်ကွင်း အခြေစိုက် ခမရ-၄၃၉ တပ်စခန်းမှ လင်းရောင်ခင်ကျေးရွာသို လက်နက်ကြီး ပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ဦး၊ လူငယ် ၁ဦး ပွဲချင်းပြီး သေဆုံးခဲ့ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို