Connect with us

Hi, what are you looking for?

သတင်း

ABSDF စစ်သင်တန်းဆင်းပွဲသို့ KIA၊ AAနှင့် မဟာမိတ်များ တက်ရောက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)-ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ABSDFက ယနေ့ သတင်းထုတ်ပြန်သည်။

ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ တက်ရောက်လာသူများနှင့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF

ဇွန်-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)-ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ABSDFက ယနေ့ သတင်းထုတ်ပြန်သည်။

ABSDF အမှတ်(၂)စစ်ကြောင်း၏ အမှတ်စဉ် ၁/၂၀၂၅ ၊ အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၅ရက်က အမှတ်-၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသော အာရက္ခတပ်တော် ULA/AA မှ တပ်မှူးများ၊ KIO/KIA မှ အုပ်ချုပ်ရေးအဖွဲ၀င်များ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)မှ အရာရှိကြီးများ၊ ကျောက်ဆည်ခရိုင် အမှတ်(၃)တပ်ရင်းမှ တပ်မှူးများ တက်ရောက်ခဲ့ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ABSDF အမှတ်-၂ စစ်ကြောင်း အပတ်စဉ်(၂) ဆေးသင်တန်းသူ၊သင်တန်းသားများ ၊အပတ်စဉ်(၁၀)အခြေခံစစ်ပညာသင်တန်းသားများနှင့် ပြည်သူများ တက်ရောက်ခဲ့ရာ သက်ဆိုင်ရာ မဟာမိတ်အဖွဲစည်း အသီးသီးရှိ ခေါင်းဆောင်များမှ အားပေးစကားပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။ ထူးချွန်ဆုရ သင်တန်းသူ၊သင်တန်းသားများကိုလည်း ဆုချီးမြှင့်ခဲ့သည်ဟုဆိုသည်။

လက်ရှိ နွေဦးတော်လှန်ရေးဟု ခေါ်သည့် စစ်အာဏာရှင်ဆန့်ကျင်မှုတွင် ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် တနိုင်ငံလုံး၌ ခိုင်မာစွာဖြင့် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်နိုင်သကဲ့သို့ ကျေးလက်၊ မြို့ပြ ဒေသအသီးသီးရှိလူငယ်များကလည်း လက်နက်ကိုင် တော်လှန်ရေးကို နေရာတကာမှ ခုခံတော်လှန်လျက်ရှိဟု ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက People’s Spring နှင့် မေးမြန်းခန်းတွင် ပြောပြခဲ့သည်။

“ဒီအပေါ်မှာ ကျနော်တို့က ပေါင်းစပ်ဖို့လိုအပ်တယ်ဆိုတာ အခိုင်အမာချမှတ်ခဲ့တယ်။ မိမိအဖွဲ့အစည်း တခုအားကောင်းရေးထက် စစ်အာဏာရှင်ဆန့်ကျင်ရေးကို စုစုစည်းစည်း အလုပ်လုပ်နိုင်ရေးအတွက် ကျနော်တို့ စဉ်းစားခဲ့ကြတယ်။ တနည်းအားဖြင့်ပြောရရင် အဆုံးအဖြတ်ပေးမယ့် စစ်အာဏာရှင် တိုက်ပွဲဟာ ဗမာပြည် ပြည်တွင်းမျက်နှာစာမှာရှိတယ်ဆိုတာကျနော်တို့ ဗဟိုကော်မတီအနေနဲ့ အခိုင်အမာ ချတယ်။ အလားတူ လုပ်ရမယ့် လုပ်ငန်းတွေကလည်း ပြည်တွင်းမျက်နှာစာမှာ အလုပ်တွေကို အခိုင်အမာ ဖော်ဆောင်ရမယ်ဆိုတဲ့ ယူဆချက် တွေရှိတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းစဉ်ချမှတ်မှုဟာ မှန်ကန်ခဲ့တယ်လို့ ကျနော်ယူဆပါတယ်။ ဒီအတွက်လည်း မကဒတ ကျောင်းသားတပ်မတော်ဟာ နယ်မြေသစ်တွေ၊ အလုပ်အဖွဲ့အသစ်တွေ၊ စစ်ကြောင်း အသစ်တွေ အင်အားအသစ်တွေကို တိုးချဲ့နိုင်ခဲ့တယ်လို့ မြင်ပါတယ်” ဟု ရဲဘော်သံခဲက ပြောပြထားသည်။

ABSDFသည် ကချင်၊ ကရင်၊ မွန်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက် ဒေသများ၌ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ စသည့် မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။