Connect with us

Hi, what are you looking for?

သတင်း

ပျောက်​နေတဲ့စစ်တပ်တိုက်​လေယာဥ် ဖား​ဆောင်းမြို့နယ်မှာ​တွေ့ရှိ

​တိုက်​လေယာဥ်ဟာ FTC-2000G အမျိုးအစား ဖြစ်ပြီး ၊​လေယာဥ်ပျက်အနီးအ​လောင်း ၂ ​လောင်း​တွေ့

ဇူလိုင်-၃၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်​ကောင်စီ​ပျောက်ဆုံး​နေတဲ့​ တိုက်​လေယာဥ်ဟာကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ခဲမဖြူကျေးရွာ အနီးမှာပျက်ကျ​နေတာကို ​တွေ့ရပြီလို့​KNDF တာဝန်ရှိသူက လူထုနွေ ကိုပြောပါတယ် ။

​တိုက်​လေယာဥ်ပျက်ကျတဲ့​နေရာဟာ ကရင်​နီ​တော်လှန်​ရေးတပ်​တွေ စိုးမိုး​​ဒေသဖြစ်ပါတယ် ။

စစ်တပ်တိုက်လေယာဉ်ဟာ FTC-2000G အမျိုးအစား ဖြစ်တယ်တယ်လို့သိရပါတယ်။လေယာဉ်အမြီးနံပါတ် ၁၄ နဲ့ စတာဖြစ်လို့ FTC-2000G လို့ အတည်ပြုနိုင်တာ ဖြစ်တယ်လို့​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပျက်ကျသည့်လေယာဥ် အစိတ်အပိုင်း​တွေရဲ့အနီးမှာရုပ်အလောင်းနှစ်လောင်းကို ပါ တွေ့ရှိရတယ်လို့သူကဆက်​ပြောပါတယ်။ဒါ​ကြောင့် ​လေယာဥ်မှူး ၂ ဦးစလုံးဟာ ​သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

KNDF ဒုစစ်ဦးစီးချုပ်မာဝီကလည်း “အသိပေးရမှာ သေချာပြီမလို့ အသိပေးလိုက်သည် ငှက်တစ်ကင် တပ်ရင်းတစ်ရင်း ကရင်နီမှာဖြစ်သည် ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်သည်” လို့တိုက်​လေယာဥ်ပျက်ကို ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ နဲ့အတူ ရိုက်ထားတဲ့ဓါတ်ပုံ​တွေနဲ့အတူ ဖေစ်ဘွခ်မှာ ဇူလိုင် ၃ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ပို့စ်တင်​ရေးသားထားပါတယ်။

စစ်​ကောင်စီရဲ့ တိုက်ခိုက်​ရေး​လေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာခရီး​ဝေး​လေ့ကျင့်ပျံသန်းစဥ်​နေပြည်​တော်ရဲ့အ​ရှေ့​တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာရုတ်တရက်​ရေဒါမြင်ကွင်းက​ပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်​တောက်သွားတာလို့​ စစ်​ကောင်စီက ဇူလိုင် ၃ ရက်မနက်မှာထုတ်ပြန်ခဲ့ပါတယ် ။

တာဝန်ရှိသူ​တွေရဲ့ ပဏာမစစ်​ဆေးချက်အရ စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားမှု​ကြောင့်ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ် ။

အဆက်အသွယ်ပြတ်​တောက်ခဲ့တဲ့​နေရာကို ရာသီဥတုဆိုးရွား​နေ​ပေမယ့် ရှာ​ဖွေကယ်ဆယ်​ရေး​စေလွှတ်ဖို့​ဆောင်ရွက်​နေတယ်လို့လည်းဆိုပါတယ် ။

ဒါအပြင်အဆက်အသွယ်ပြတ်​တောက်ခဲ့တယ်ဆိုတဲ့ ​နေပြည်​​တော် ရဲ့အ​ရှေ့​တောင်ဘက်နဲ့ ကီလိုမီတာ ၁၃၀ အကွာ (မိုင် ၈၀ ဝန်းကျင်)ဆိုတာ အ​ဖြောင့်တိုင်းရင် အကြမ်းဖျင်းကရင် နဲ့ ကရင်နီပြည် အစပ်​တွေဖြစ်​နေပါတယ်။ကရင်နီပြည်မှမော်ချီး၊ဖား​ဆောင်း ၊ ကရင် ပြည်နယ်မှာဆိုရင် ဘောဂလိ ၊သံတောင်ကြီးဝန်းကျင်တဝိုက်ဖြစ်​​နေပါတယ်။အဆိုပါ​ဒေသ​တွေမှာလတ်တ​လောတိုက်ပွဲ​တွေဖြစ်​နေပါတယ်။

အထူးသဖြင့် ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့ လက်ကျန်တပ်ရင်း နှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ပြင်းအထန်ထိုးစစ်ဆင်​နေတာဖြစ်ပါတယ်။ ​အခု​တိုက်​လေယာဥ်နဲ့​ရေဒါမှစ​ပျောက်အဆက်အသွယ်ပြတ်သွားတဲ့ဆိုတဲ့​နေရာဟာဖား​ဆောင်းမြို့နဲ့ အကြမ်းဖျင်း၂၄ မိုင်​ကျော်(၄၀ ကီလိုမီတာ)ဝန်းကျင်ပဲကွာ​ဝေးပါတယ်။

ဓါတ်ပုံ – ပေးပို့

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်