Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်မှာရိက္ခာပို့စစ်ကြောင်းကို PDF​တွေတိုက်ခိုက်၊ စစ်သား၃၀ဦးသေပြီး ၃ဦးဖမ်းဆီးခံရ

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းစစ်အသုံးအ​ဆောင်နဲ့ စစ်သုံ့ပန်း ၂ ဦးကို PDF ​တွေနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ- မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့

ဇူလိုင်-၄၊၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာ မြို့သာမြို့ဘက်ကနေ ငါန်းဇွန်၊ငမြာကြီးကျေးရွာ တွေဘက်ကိုလက်နက်ခဲယမ်းကားအပါအဝင်ရိက္ခာပို့စစ်ကား ၅စီးကို အင်အား၁၀၀ပါ စစ်ကြောင်းထွက်လာတယ်လို့သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြင်းခြံနဲ့ ငါန်းဇွန်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်တွေ ကြိုတင်ထောင်ထားတဲ့ မိုင်း​တွေထိသွားတယ်လို့ တပ်ရင်း (၇) တာဝန်ခံဗိုလ်သက်ကြီးပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုင်း​တွေထိပြီး စစ်ကြောင်းကဖရိုဖရဲနဲ့ ခြံပုတ် တွေကို သေနတ်နဲ့ ပစ်ခတ်ပြီး လျှိုထဲဝင်ပြေးချိန် အ ပေါ်စီးကနေ တော်လှန်ရေး တပ်တွေဟာစနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

“အဲဒီမှာ ကျွန် တော်တို့ပထမဆုံးပစ်ခတ်ခဲ့တာ စစ်ကြောင်းမှူးပဲ။ယူနီဖောင်းနဲ့။အဲဒီမှာဖရိုဖရဲဖြစ်တဲ့အချိန် ဂန်းငယ် တွေနဲ့ဆက်ပစ်တယ်။သူတို့က ကျွန် တော်တို့ ပစ်ပြီး ပြေးမယ်ထင်ပြီး ပြန်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကကာထားပြီး RPG နှစ်လုံး ပစ်သွင်းလိုက်ချိန်မှာ တော်တော်များများ သေသွားတာ တွေ့ရတယ်”လို့ဗိုလ်သက်ကြီးက ပြောပါတယ်။

အဲဒီနောက်ကျန်နေတဲ့စစ်သားတွေဟာ ရိက္ခာကားနှစ်စီးကို အကာကွယ်ယူကာ ခဲယမ်းကားတစီးကို ရအောင် ပြန်ယူပြီး မြို့သာဘက်ကိုတပ်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

“ဒါတောင်မှ သေတဲ့ ​ေးတွေရဲ့ အလက်တချို့ပြန်ကောက်ပြီး တင်မောင်းသွားတာရှိတယ်။အဲ့မှာ ကျွန်တော်တို့ကလိုက်ပစ်တော့ကားပေါ်မှာသုံးလေးယောက် လောက်ထပ် သေသွားတယ်”လို့ ‌‌‌‌ဗိုလ်သက်ကြီးဆက်ပြောပါတယ်။

တိုက်ပွဲဟာ မနက် ၇ နာရီကျော်ကနေ ၁ဝနာရီလောက်အထိ ၄ နာရီနီးပါးကြာခဲ့ပြီး မြို့သာဘက်က စစ်တပ်ကလည်းလက်နက်ကြီး ၊ဟောင်ဝစ်ဆာနဲ့ပစ်ခတ်သလို ဂျက်ဖိုက်တာလည်းတက်လာတာမို့ တပ်ပြန်ဆုတ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် နယ် မြေရှင်းလင်း ရေးလုပ်ချိန် စစ်သားအလောင်း ၃၀ ကျော် တွေ့ရှိခဲ့ပြီးစစ်သုံ့ပန်း ၃ ဦးဖမ်းမိကာ တဦးဟာ ရဲဘော်ရဲ့ လက်နက်ကိုလာလုတာမို့ ရှင်းလင်းလိုက်ရတယ်လို့ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ စစ်သားအ​လောင်း​တွေရဲ့ဓါတ်ပုံ​တွေနဲ့တကွထုတ်ပြန်ထားတာ​တွေ့ရပါတယ် ။စစ်သားရုပ်အ​လောင်း​တွေကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/81353?single မှာ​ဖော်ပြထားပါတယ် ။

ဒီတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း-၇နဲ့မန္တလေးခရိုင်တပ်ရင်း ၅ မဟာမိတ်တပ်ဖွဲ့ တွေ ပူး ပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ