Connect with us

Hi, what are you looking for?

သတင်း

တနိုင်းမှ ဖားကန့်သို့ စစ်ကူလာသည့်စစ်တပ်စစ်​ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်​ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

KIA တပ်ဖွဲ့ဝင်အချို့ /ပုံအ​ဟောင်းဖြစ်ပါသည်

ဇူလိုင်-၆၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်​ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ဇူလိုင် ၅ ရက် ည ၇နာရီခန့်တွင် တနိုင်းဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်ကို ဖားကန့်လမ်း၊နမ့်ယား အနီး တွင် KIAက တိုက်ခိုက်ခဲ့ရာ အလောင်း၊ လက်နက်နှင့် စစ်သုံ့ပန်းများစွာရရှိခဲ့​ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကသုံးဦးတို့ထံမှသိရ သည်။

“တနိုင်းကနေ ဖားကန့်ဘက် ဦးတည်လာတာ ဟုတ်တယ်။ ဖားကန့် စစ်ကူ။ ဖားကန့် ပြန်ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်အင်အားဖြည့်နေကြတာ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် သေဆုံးမှုထိခိုက်မှုများပြီး၊စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းရရှိမှုများ ရှိသော်လည်း အရေအတွက် မသိရသေးဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဖားကန့်မြို့အနီး မှော်မောင်းကုန်း၌ တိုက်ပွဲများ အဓိက ဖြစ်ပွားနေ​ကြောင်းအခြားသတင်းရင်းမြစ်တဦးက ပြောသည်။

ဖားကန့်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီက ပြည်သူအချို့အား ဓါးစာခံ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့​ကြောင်းသတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကောင်စီသည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကတည်းက စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ဖားကန့်လမ်းပိုင်း၊ ဖားကန့်မြို့အနီး မှော်လုပ်ကွက်များရှိရာနေရာများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။