Connect with us

Hi, what are you looking for?

သတင်း

တနိုင်းမှ ဖားကန့်သို့ စစ်ကူလာသည့်စစ်တပ်စစ်​ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်​ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

KIA တပ်ဖွဲ့ဝင်အချို့ /ပုံအ​ဟောင်းဖြစ်ပါသည်

ဇူလိုင်-၆၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်​ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ဇူလိုင် ၅ ရက် ည ၇နာရီခန့်တွင် တနိုင်းဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်ကို ဖားကန့်လမ်း၊နမ့်ယား အနီး တွင် KIAက တိုက်ခိုက်ခဲ့ရာ အလောင်း၊ လက်နက်နှင့် စစ်သုံ့ပန်းများစွာရရှိခဲ့​ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကသုံးဦးတို့ထံမှသိရ သည်။

“တနိုင်းကနေ ဖားကန့်ဘက် ဦးတည်လာတာ ဟုတ်တယ်။ ဖားကန့် စစ်ကူ။ ဖားကန့် ပြန်ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်အင်အားဖြည့်နေကြတာ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် သေဆုံးမှုထိခိုက်မှုများပြီး၊စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းရရှိမှုများ ရှိသော်လည်း အရေအတွက် မသိရသေးဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဖားကန့်မြို့အနီး မှော်မောင်းကုန်း၌ တိုက်ပွဲများ အဓိက ဖြစ်ပွားနေ​ကြောင်းအခြားသတင်းရင်းမြစ်တဦးက ပြောသည်။

ဖားကန့်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီက ပြည်သူအချို့အား ဓါးစာခံ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့​ကြောင်းသတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကောင်စီသည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကတည်းက စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ဖားကန့်လမ်းပိုင်း၊ ဖားကန့်မြို့အနီး မှော်လုပ်ကွက်များရှိရာနေရာများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယနေ့(ဇူလိုင် ၁၆)တွင်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်အထန်ဗုံးကြဲတိုက်ခိုက်နေသည်။