Connect with us

Hi, what are you looking for?

သတင်း

သဲကုန်းမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ စနိုက်ဘာသမားတစ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ-တပ်ရင်း ၃၆၀၁

ဇူလိုင်-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

ဇူလိုင် ၄ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်က တယ်သီးပင်စစ်ဆေးရေးဂိတ်အား တပ်ရင်း ၃၆၀၁၊ Sniper အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့​ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ တစ်ဦး နေရာမှာတင်သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ သွားရောက်ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာ အင်အား ၆ ယောက်ပဲရှိတယ်။ အခုတော့ အင်အားထပ်တိုးထားတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ကင်းပုန်းတွေချထားတယ်”ဟု တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF အဖွဲ့မှ ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

၎င်းစစ်ဆေးရေးဂိတ်မှ ဂိတ်စောင့်စစ်ကောင်စီတပ်သားများသည် သဲကုန်းမြို့သို့လာရောက်သည့် စျေးသွားစျေးလာပြည်သူများအပေါ် စျေးကုန်များကို သိမ်းဆည်းခြင်း၊ ငွေတောင်းခံခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ လူငယ်လူရွယ်များနှင့် ကျောင်းသားများပါမချန် ဖမ်းဆီးပေါ်တာဆွဲခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်ခရိုင်အတွင်း စစ်ဆေးရေးဂိတ်များချ၍ ပြည်သူလူထုအား ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်ဆောင်နေသည့်အပြင် ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လဆန်းများတွင် ပဲခူးရိုးမ​ဖြတ်လမ်းအချို့ကို ဘူဒိုဇာများဖြင့်ထိုးကာ လမ်းပိုင်းဖြတ်တောက်ခြင်းများလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့ကတိုက်ပွဲအတွင်း စစ်​ကောင်စီတပ်တပ်ဖွဲ့ဝင် ၅ သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PPDF)-၃၆၀၁ တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )က ဒီကနေ့ ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။