Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်က စစ်တပ် စစ်ဆေးရေးဂိတ် အနီးကပ် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တဂိတ်အနီးကပ်ပစ်ခတ်ခံရပါတယ်။

ရေဦးဂိတ်ကို ဝင်ရောက်ပစ်ခတ်နေကြစဥ်။ ဓာတ်ပုံ-File Video

ဇူလိုင်-၇၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တဂိတ်အနီးကပ်ပစ်ခတ်ခံရပါတယ်။

ဇူလိုင် (၇) ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က မုံရွာမြို့တောင်ပိုင်း၊ကားကြီးကွင်းအနီးကဒေသခံအခေါ် ရေဦးဂိတ်မှာအထိုင်ချထားတဲ့စစ်အုပ်စုကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီဂိတ်ဟာ ပြည်သူတွေကို ခြိမ်းခြောက်စစ်ဆေး ငွေညှစ်နေလို့ မီတာ ၃၀အကွာကနေအနီးကပ်သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ The Phoenix Army အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အင်အား၃၀လောက်ရှိတယ်။ ဂိတ်ကတော့ အထိခိုက်အသေဆုံးကတော့မသိရသေးဘူး”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်သံတွေကို ကြားလိုက်ရပြီး ကြောက်လို့ ထွက်မကြည့်ရဲသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

“အဲဒီဂိတ်ကအပစ်မခံရတာကြာပြီ။မနေ့ကပဲအဲဒီဂိတ်ကကားပေါ်ကခရီးသည်တွေကိုဆွဲချတယ်ပြောတယ်။”လို့ မုံရွာမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုThe Phoenix Army နဲ့ ဗန္ဓုလနှင့်အဖွဲ့သားများက ပူးတွဲလုပ်ခဲ့တယ်လို့ သိရပါတယ်။စစ်အု​ပ်စုထိခိုက်မှုရှိမရှိ လူထုနွေဦးက အတည်မပြုနိုင်သေးပါဘူး။

စစ်အုပ်စု ပစ်ခတ်ခံရပြီးနောက် မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က ကားတွေနဲ့လှည့်လည်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့နယ်ဟာတော်လှန်ရေးအားကောင်းတာကြောင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်က နေ့စဥ် ဂိတ်ပေါင်းများစွာနဲ့ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့မြို့ခံတွေဆီကနေသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။