Connect with us

Hi, what are you looking for?

သတင်း

မြန်မာဆီကသွင်းကုန်တွေကို အခွန်တိုး​ကောက်မယ့်အကြောင်း စစ်ကောင်စီကို အမေရိကန်အကြောင်းကြားစာပို့

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်မြှင့်တင်သတ်မှတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီးအာဏာသိမ်း စစ်ကောင်စီဆီကိုလည်း အိမ်ဖြူတော်က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

ဇူလိုင်-၈၊၂၀၂၅။People’s Spring

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်မြှင့်တင်သတ်မှတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီးအာဏာသိမ်း စစ်ကောင်စီဆီကိုလည်း အိမ်ဖြူတော်က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့က အမေရိကန်က တောင်ကိုရီးယား၊ ဂျပန်တို့လိုအနီးကပ်မဟာမိတ်နိုင်ငံတွေ နဲ့ မြန်မာအပါအဝင်အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံတွေ၊ စုစုပေါင်း၁၄ နိုင်ငံကို ကွဲပြားတဲ့ သွင်းကုန်အခွန် ပမာဏတွေ သတ်မှတ်မယ်လို့ အကြောင်းကြားခဲ့ပါတယ်။ မြန်မာ အပါအဝင် ၁၄ နိုင်ငံစလုံးကိုလည်း အိမ်ဖြူ​တော်ကစာပို့ခဲ့တာပါ။ မြန်မာကတော့ ၁၄ နိုင်ငံစာရင်းမှာ ကုန်သွယ်ခွန် ပမာဏ အများဆုံး တိုး​ကောက်ခံရမှာဖြစ်ပြီး မြန်မာပို့ကုန်တွေရဲ့ တန်ဖိုး ၄၀ ရာခိုင်နှုန်းကို အမေရိကန်က ဩဂုတ် ၁ ရက်နေ့ကစပြီး အခွန်စည်းကြပ်သွားမယ်လို့ စာထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အခုလိုမျိုး အခွန်နှုန်းထား အသစ်တွေ တိုးမြှင့် သတ်မှတ်တာဟာအမေရိကန်အနေနဲ့ကုန်သွယ်ရေး ကဏ္ဍမှာ ကာလရှည်ကြာ မမျှမတ အခြေအနေတွေ ဖြတ်သန်းခဲ့ရလို့ ဖြစ်တယ်လို့လည်း စာထဲမှာ ရေးသားထားခဲ့ပါတယ်။ သိသာတဲ့ ကုန်သွယ်ခွန် ပမာဏ ကွာဟမှုတွေ ရှိခဲ့တဲ့တိုင် အမေရိကန်ဟာ မြန်မာနဲ့ ဆက်လက် ကုန်သွယ်နေခဲ့ကြောင်း၊ အခုတော့ အမေရိကန် အနေနဲ့ ပိုပြီး မျှတတဲ့၊ ဘက်ညီတဲ့ လက်တွဲ ဆောင်ရွက်မှုမျိုးကို လိုလားတဲ့အတွက် အခွန်စည်းကြပ်မှုကို ပြင်ဆင်လိုက်တာဖြစ်ကြောင်း စာထဲမှာ​ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ မြန်မာဖက်က အခွန်မူဝါဒတွေနဲ့ အခွန်ရေးရာ အဆီးအတားတွေဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ကို တစ်ဖက်သတ်ဆန်ဆန် နစ်နာနေစေတယ်လို့လည်း အိမ်ဖြူတော်က ဝေဖန်ထားခဲ့ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံဟာ အမေရိကန်ဆီတင်ပို့တဲ့ ပို့ကုန်တွေကို အခွန်နှုန်းထား ပိုပြီး သက်သက်သာသာလျှော့ပေါ့သတ်မှတ်ပေးထားတဲ့ကြားနိုင်ငံတွေကနေ တစ်ဆင့်ခံ တင်ပို့တာမျိုး မူမမှန်တဲ့ နည်းတွေ သုံးမယ်ဆိုရင်လည်း ပိုမိုပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ကြုံရလိမ့်မယ်လို့လည်း စာထဲမှာ သတိ​ပေးထားပါ​သေးတယ်။

ဒါတင်မကသေးဘဲ အမေရိကန်က မြန်မာ သွင်းကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်တာကို မကျေနပ်လို့ မြန်မာဖက်ကလည်း အမေရိကန် သွင်းကုန်တွေကို အခွန်တိုးကောက်မယ်ဆိုရင် ရှိရင်းစွဲ ၄၀ ရာခိုင်နှုန်းအပေါ်မှာ အဲဒီ တိုးကောက်တဲ့ ရာခိုင်နှုန်းအတိုင်း တူတူညီညီ ထပ်ပေါင်းပြီး ပြောင်းလဲသတ်မှတ်မယ်လို့ သတိပေးထားပါသေးတယ်။

တကယ်လို့မြန်မာဖက်ကကုန်သွယ်ရေးဆိုင်ရာ အဆီးအတား ဖြစ်မှုတွေကို လျှော့ချပြီး စျေးကွက်ကို ဖွင့်ပေးလာတာမျိုးအပြုသဘောဆန်တဲ့ အပြောင်းအလဲတွေ ရှိလာမယ် ဆိုရင်တော့ အမေရိကန်ကလည်း လက်ရှိ ကုန်သွယ်ခွန် မြှင့်တင် သတ်မှတ်ထားတာတွေကို လျှော့ချပေးဖို့ စဉ်းစားမယ်လို့ ရေးသားထားခဲ့ပါတယ်။

နောက်ပြီး မြန်မာစီးပွားရေးလုပ်ငန်းတွေကအမေရိကန်မှာ အခြေစိုက်ပြီး ထုတ်ကုန်တွေ ထုတ်လုပ်တာမျိုးကို တိုက်တွန်းထားပြီး အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေအတွက် ခွင့်ပြုမိန့်တွေ မြန်မြန်ဆန်ဆန် ရရှိလိမ့်မယ်လို့လည်း အာမခံထားပါတယ်။

ကုန်သွယ်ရေးကဏ္ဍမှာလက်ရှိ ဟန်ချက်ကင်းမဲ့နေတဲ့ အခြေအနေဟာ အမေရိကန်ရဲ့ စီးပွားရေးကိုသာမကဘဲ အမျိုးသားလုံခြုံရေးကိုပါခြိမ်းခြောက်နေတယ်လို့အမေရိကန်ကမှတ်ယူကြောင်း၊ ဒါကြောင့်လည်း အနာဂတ်မှာ မြန်မာနဲ့ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ် ဆန်းစစ်ဖို့ အမေရိကန်က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းလည်း စာထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အဲဒီစာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်ရိုက်လိပ်မူထားပြီး ထရမ့်ရဲ့ လက်မှတ် ရေးထိုးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ဒီစာကို အခွန် တိုး​ကောက်ခံရတဲ့ နိုင်ငံ​တွေ ဆီကို ပုံစံတူ​ပေးပို့ခဲ့တာဖြစ်ပြီး လိပ်မူတဲ့ သူနဲ့ အခွန်နှုန်းထား​တွေပဲအ​ပြောင်းအလဲရှိတယ်လို့​လေ့လာသူ​တွေက ​ပြောပါတယ် ။

မြန်မာ နဲ့ အ​မေရီကန် နိုင်ငံကြား ကုန်သွယ်မှုပမာဏာဟာ ၂၀၂၁ ခုနှစ်မှာ ​ဒေါ်လာ ၁.၂ ဘီလီယံဝန်းကျင်ရှိခဲပြီး ကုန်သွယ်​ရေးမှာ မြန်မာဆီက ပို့ကုန်တန်ဖိုးပိုများတယ် လို့ ကုန်သွယ်​ရေးအချက်အလက်​တွေ​ဖော်ပြ​ပေး​နေတဲ့ Maxinomics ဝင်ဆိုက်က​ဖော်ပြပါတယ် ။ ၂၀၂၄ ခုနှစ်မှာလည်း နှစ်နိုင်ငံကြားကုန်သွယ်မှုဟာ​ဒေါ်လာသန်း ၈၃၀ နဲ့ – သန်း ၉၇၀ ​ကျော်ကြားရှိနိုင်တယ်လို့ Mzxinomics နဲ့ trendeconomy ဝက်ဆိုက်တို့က​ဖော်ပြပါတယ် ။မြန်မာက ပို့ကုန်ပိုများတယ်ဆို​​ပေမယ့် မြန်မာက​နေ အ​မေရီကန်ကိုတင်ပို့တဲ့ ပို့ကုန်​တွေကို ဆန်းစစ်ကြည့်တဲ့ အခါ ပြည်ပနိုင်ငံ​တွေက မြန်မာနိုင်ငံမှာ စက်ရုံလာ​ဆောက်ရင်းနှီးမြှပ်နှံပြီး ပြည်ပတင်ပို့တဲ့ လက်ခစားလုပ်ငန်း(CMP) ကထုတ်ကုန်အများစုဖြစ်​နေတာကို​တွေ့ရပါတယ် ။

သားရေနဲ့ပတ်သက်တဲ့အသုံးအ​ဆောင်​ထုတ်ကုန်တွေ ၊အဝတ်အထည်​တွေ ၊​ခြေအိတ်​တွေစတဲ့ပြည်ပလုပ်ငန်းရှင်​တွေက မြန်မာနိုင်ငံမှာစက်​ရုံ​ဆောက်ပြီး မြန်မာလုပ်သား​တွေကိုငှားရမ်းထုတ်လုပ်ထားတဲ့ ထုတ်ကုန်​တွေအများစုဖြစ်​နေတာ​တွေ့ရပါတယ်။အ​မေရီကန်နိုင်ငံက​နေ​တော့ အစားအ​သောက်နဲ့ပတ်သက်တဲ့ သွင်းကုန်​တွေပြန်တင်သွင်းတယ်လို့ အချက်အလက်​တွေအရသိရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...