Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီမှာစစ်အာဏာရှင်ကိုဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး “ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

မုံရွာ-အမြင့်လမ်းမှာလည်း သပိတ်ဦးဆောင်ကော်မတီနဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ ပူးပေါင်းကာ လေကြောင်းအန္တရာယ် ကျရောက်ချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကလည်း ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူ​တွေနဲ့ “ အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု” တရပ်ကိုပြုလုပ်ခဲ့ကြပါတယ်။

“ လုထု​တေးသံကို​လေ ခံစား ၊​ဒေါသပြည့်လွှမ်း​နေတဲ့ ​တေးသံ ၊ဖိနှပ်မှုဒဏ်ကို ဆက်ပြီး သည်းမခံ​တော့မယ် ဒို့ပြည်သူ​တွေအသံ ” ၊ “ အလံနဲ့ အသံကိုနားစွင့်ကြ လူထုတိုက်ပွဲ​အောင်လံ​တော်က ​နေရာတိုင်းမှာ ရှိမယ် လွှင့်ထူမယ်” စတဲ့​ကြွေး​ကြော်သံ​တွေ ကိုင်​တောင်ဆန္ဒပြကြပါတယ် ။

တနင်္သာရီတိုင်းမှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ဆဲဗင်းဂျူလိုင်သမိုင်း အကြောင်း ဟောပြောခြင်း၊ ဆဲဗင်းဂျူလိုင်သမိုင်းရုပ်ရှင်ပြသခြင်းနဲ့ တော်လှန်ရေးရုပ်ရှင်ပြသခြင်း စတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ABFDS ၊ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွ​ယ်ထားတဲ့ စစ်ကိုင်းတံတားမှာ လကုန်ရက်ပိုင်းအတွင်းကုန်ကားသမားတွေကိုပစ်မှတ်ထားပြီး စစ်သား စုဆောင်းတာကြောင့်ကုန်ကားအချို့ ပြေးဆွဲတာကိုရပ်နားထားရတယ်လို့ ယာဉ်မောင်းတွေထံကသိရပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးမှုရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် ငါးဦးထက်မနည်းသေ၊ လက်နက်တွေသိမ်းရတယ်လို့ ယူနီကွန်းပြော

သတင်း

မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။