Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီမှာစစ်အာဏာရှင်ကိုဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

မုံရွာ-အမြင့်လမ်းမှာလည်း သပိတ်ဦးဆောင်ကော်မတီနဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ ပူးပေါင်းကာ လေကြောင်းအန္တရာယ် ကျရောက်ချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကလည်း ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူ​တွေနဲ့ “အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု”တရပ်ကိုပြုလုပ်ခဲ့ကြပါတယ်။

“လုထု​တေးသံကို​လေ ခံစား ၊​ဒေါသပြည့်လွှမ်း​နေတဲ့ ​တေးသံ ၊ဖိနှပ်မှုဒဏ်ကို ဆက်ပြီး သည်းမခံ​တော့မယ် ဒို့ပြည်သူ​တွေအသံ ” ၊ “အလံနဲ့ အသံကိုနားစွင့်ကြ လူထုတိုက်ပွဲ​အောင်လံ​တော်က ​နေရာတိုင်းမှာ ရှိမယ် လွှင့်ထူမယ်” စတဲ့​ကြွေး​ကြော်သံ​တွေ ကိုင်​တောင်ဆန္ဒပြကြပါတယ် ။

တနင်္သာရီတိုင်းမှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ဆဲဗင်းဂျူလိုင်သမိုင်း အကြောင်း ဟောပြောခြင်း၊ ဆဲဗင်းဂျူလိုင်သမိုင်းရုပ်ရှင်ပြသခြင်းနဲ့ တော်လှန်ရေးရုပ်ရှင်ပြသခြင်း စတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ABFDS ၊ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။