Connect with us

Hi, what are you looking for?

သတင်း

ရေကြည်အမြောက်တပ်မှ စစ်သင်တန်းဆင်း၅ဦးထွက်ပြေး ၊ တစ်ဦးကိုစစ်ကောင်စီပစ်ခတ်သတ်ဖြတ်

အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များတိုက်ခိုက်နေသည့် ရေကြည်မြို့အခြေစိုက်အမြောက်တပ်(အမတ-၃၄၄)မှ ထွက်ပြေးသော စစ်သင်တန်းဆင်းငါးဦးအနက် တစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်သည်။

​ရေကြည်မြို့နယ်မှ အမတ ၃၄၄ ကို Google Earth တွင်​တွေ့ရပုံ

ဇူလိုင်-၉၊၂၀၂၅။မိထက်/People’s Spring

အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များတိုက်ခိုက်နေသည့် ရေကြည်မြို့အခြေစိုက်အမြောက်တပ်(အမတ-၃၄၄)မှ ထွက်ပြေးသော စစ်သင်တန်းဆင်းငါးဦးအနက် တစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်သည်။

“တဇောင်းရိုးရွာမှာ မနေ့က(ဇူလိုင် ၈)ညနေကအပစ်ခံရတာ။ ကလေးတစ်ယောက်သေတယ်။ စစ်တပ်က ရွာထဲရောက်သွားပြီး ခဏအကြာမှာ သေနတ်သံတွေကြားတာပဲ။ အလောင်းကိုလည်း ပြန်သယ်သွားတယ်” ဟု အသုတ်မြို့ခံတစ်ဦးကပြောသည်။

ရေကြည် နှင့် အသုတ်မြို့သည်ဆက်စပ်နေပြီး အမတ-၃၄၄ကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်မှုအရှိန်မြှင့်နေသလို စစ်ကောင်စီကလည်း စစ်မှုထမ်းသင်တန်းဆင်းများ၊ ရဲတပ်ဖွဲ့ဝင်များပါပို့၍ ခုခံနေသည်။ ထို့အပြင် စစ်‌ကောင်စီသည် အမတ-၃၄၄မှ လက်နက်ကြီးများကို ကျုံပျော်မြို့ရှိ ခလရ(၃၆)သို့ ဇွန်လတွင် ပြောင်းရွှေ့ခဲ့သည်။

Public Service Announcement

Public Service Announcement

” ၃၄၄ နားမှာ နေ့တိုင်းချနေတာ။ စစ်တပ်က သူလည်း နေရာရွှေ့နေသလို့ ထွက်ပြေးသူတွေလည်းရှိနေတာ။ အခု ထွက်ပြေးလာတာလည်း စစ်သားစုဆောင်းခံရတဲ့ ငါးယောက်လို့ သိရတယ်။ တစ်ယောက်သေဆုံးတာအတည်ပြုနိုင်ပြီး ကျန်တာ မသိရသေးဘူးဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၈ရက်ညက အသုတ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဆက်သွယ်၍ ရွာသို့ လူအဝင်အထွက်စာရင်းများပေးပို့ရန်၊ ဧည့်စာရင်းစစ်ရန် ပြောခဲ့ကြောင်း သတင်းရရှိသည်။

ရေကြည်မြို့နှင့်ဆက်စပ်သောငါးသိုင်းချောင်းမြို့နယ်တွင် ၂၀၂၅ နှစ်စပိုင်းကလည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၇ဦးထွက်ပြေးခဲ့ပြီး စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ဖူးသည်။

စစ်သားအရေအတွက်လိုအပ်နေသည့် စစ်ကောင်စီအတွက် စစ်မှုထမ်းဥပဒေအကြောင်းပြု၍ လူငယ်များအား စစ်ထဲဝင်ရန် ဧရာဝတီတိုင်းမှ စစ်ကောင်စီလက်အောက်ခံများကစည်းရုံးခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်နေသည်။

စစ်​ကောင်စီခန့်ဧရာဝတီတိုင်းဝန်ကြီးချုပ်ကလည်း ဒေသတွင်းမြို့နယ်များသို့ မကြာခဏ‌လာရောက်ပြီး ဒေသခံများစစ်မှုထမ်းရန် စည်းရုံးသိမ်းသွင်းသည်။စစ်ကောင်စီအုပ်ချုပ်‌ရေးအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်း ၎င်း၏ဇာတိ ပန်းတနော်မြို့တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းရေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများအား ဖိအားပေးနေသောကြောင့်မြို့ခံလူငယ်များထွက်ပြေးတိမ်းရှောင်နေကြရသည်။စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၂၄ ဒီဇင်ဘာလ၂၇ရက်က ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများကို စည်းရုံးရေးဆင်း​ခဲ့ဖူးသည်။

စစ်ကောင်စီနှင့်AA ပူးပေါင်းတပ်များသည် လက်ရှ်ိတွင် ဧရာဝတီတိုင်းအတွင်း ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့၌တိုက်ပွဲများဖြစ်နေသည်။

အမတ (၃၄၄)တပ်စခန်းနှင့်ရေကြည်မြို့နယ်၊လေးမျက်နှာမြို့နယ်တို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေစဥ်စစ်ကောင်စီက ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာ အိမ်ခြေအဆောက်အအုံနှင့် အရပ်သားပြည်သူလူထုအား လေယာဉ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး (မီးလောင်ဗုံး) များဖြင့် ပစ်ခတ်တိုက်ခိုက်ကာစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းအမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီ PDFက သတိပေးထားသည်။ လေးမျက်နှာမြို့နယ်အတွင်း မေလ ၁၅ရက်မှ ဇွန်လ ၃၀ရက်အတွင်း စစ်ကောင်စီ၏ပစ်ခတ်မှုများကြောင့် အရပ်သားကိုးဦးသေဆုံးပြီးည၂၅ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။