Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတိုက်ပွဲကြောင့် ကျောက်မဲ-နောင်ချို ပြည်‌ထောင်စုလမ်းပိုင်းသွားလာခွင့် TNLA တားမြစ်

နောင်ချိုတွင်တိုက်ပွဲပြင်းထန်နေစဉ်ကျောက်မဲ-နောင်ချို ပြည်‌ ထောင်စုလမ်းပိုင်းကို ယနေ့နံနက်ပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဖြတ်သန်းခွင့်ပိတ်လိုက်သည်။

​နောင်ချို-​ကျောက်မဲလမ်း​ပေါ်ရှိ ဂုတ်ထိပ်တံတားအနီး TNLA တပ်ဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်တွင်​တွေ့ရစဥ်

ဇူလိုင်-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

နောင်ချိုတွင်တိုက်ပွဲပြင်းထန်နေစဉ်ကျောက်မဲ-နောင်ချို ပြည်‌ ထောင်စုလမ်းပိုင်းကို ယနေ့နံနက်ပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဖြတ်သန်းခွင့်ပိတ်လိုက်သည်။

ကျောက်မဲ-နောင်ချိုလမ်းပိုင်းသည် မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမကြီး၌ ပါဝင်ပြီး မူလက သွားလာ၍ရသော်လည်း လက်ရှိတွင် TNLAက ခရီးသွားများ၏လုံခြုံရေးအခြေအနေအရ အရေးပေါ်ပိတ်ပင်လိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“အရင်ကတော့ အဆင်ပြေသလိုသွားလာနေကြပြီး လမ်းလည်းပေါက်ပါတယ်။ဒီမနက်ကနေစပြီးပိတ်လိုက်တယ်။နောင်ချိုတိုက်ပွဲကတော်တော်လေးပြင်းထန်နေတယ်” ဟုကျောက်မဲမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ သွားလိုသူများအနေဖြင့် မန္တလေး- ကျောက်ဆည် – ရွာငံလမ်းမှတစ်ဆင့် သွားလာ၍ရနေသည်။ကျောက်မဲ-နောင်ချိုလမ်းပိုင်းအား အသုံးပြုခွင့်တားမြစ်လိုက်ခြင်းနှင့်ပတ်သက်၍ TNLAက သတင်းထုတ်ပြန်ထားခြင်းမရှိပေ။ သို့သော် စစ်ရေးအခြေအနေသတိပြုကြရန်၊ လေကြောင်းအန္တရာယ်သတိထားကြရန် မကြာခဏသတိပေးထားသည်။

လက်ရှိတွင် နောင်ချိုမြို့၌ တိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီစစ်ကြောင်းများသည် မြို့အနီးသို့ရောက်ရှိနေပြီဟု သတင်းရရှိသည်။ နောင်ချိုမြို့ကိုထိုးစစ်စင်တိုက်ခိုက်နေစဉ် စစ်ကောင်စီက ကျောက်မဲ၊သီပေါနှင့် မိုးကုတ်မြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲနေသည်။

စစ်ကောင်စီသည် ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်၊ ၂၇ရက်၊၂၉ရက်၊ ဇူလိုင်လ ၆ရက်နှင့် ဇူလိုင်လ ၈ရက်က ဗုံးကြဲတိုက်ခိုက်ရာအရပ်သား ခြောက်ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မိုးကုတ်မြို့ကိုလည်းဇူလိုင် ၈ ရက်နှင့် ဇူလိုင်လ၉ရက်က လေကြောင်းမှာဗုံးကြဲရာ ကလေးငယ်အချို့အပါအဝင်အရပ်သားရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ သီပေါမြို့ကိုလည်း ဇူလိုင် ၅ရက်နေ့တွင်စစ်ကောင်စီကဗုံးကြဲခဲ့သည်။

မတ်လ ၂၈ရက်က ငလျင်ကြောင့် ညီ​နောင်မဟာမိတ်သုံးဖွဲ့က တစ်ဖက်သတ်အပစ်ရပ်စဲထားသော်လည်း စစ်ကောင်စီက လေကြောင်းမှ မကြာခဏတိုက်ခိုက်နေ၍ အပစ်ရပ်မှု ရုတ်သိမ်းလိုက်ပြီဟု TNLAက ဇူလိုင်လ ၅ရက်၌ ထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်းတွင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။