Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းတွင်​ နောက်ဆုံးကျန်​သော ခလရ(၁၃၅)ကို ကရင်နီတပ်​ပေါင်းစု ဆက်လက်ထိုးစစ်ဆင်​

စစ်​ကောင်စီက လေ​ကြောင်းတိုက်ခိုက်မှုအကြိမ် ၁၅၀​ကျော်ပြုလုပ်

စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်​ပေါက်ကွဲ​နေစဥ်။ ဓါတ်ပုံ-ကလလတ

ဇူလိုင်-၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့၏နောက်ဆုံးလက် ကျန်တပ်ဖြစ်သည့် ခလရ (၁၃၅) ကိုဆက်လက် ပိတ်ဆို့ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) အမှတ်-၉၄၂၀တပ်ရင်းက ထုတ် ပြန်သည်။

ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ – Joint Chiefs of Staff (JCS) ၏ ကွပ်ကဲမှုဖြင့် ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေပြီး စစ်ကောင်စီ သည် ဝေဟင်မှလေကြောင်း အထောက်အပံ့နှင့် ပစ်ကူများဖြင့် အပြင်းအထန်ဆက်တိုက် ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။

“ လေကြောင်းကနေ တိုက်ခိုက်နေတာတော့ ပုံမှန်လို ဖြစ်နေပြီ ။သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် နေကြတုန်းပဲ” ဟု ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ မှ ဗိုလ်မှူးကြီးဘုန်းနိုင်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ၎င်းအခြေစိုက်တပ်ရင်းလက်မလွှတ်ရစေရန် တိုက်ပွဲအတွင်း Y8၊ Military Transport Aircraft လေယာဥ်များဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ထောက်ပို့ဖြည့်တင်းခဲ့ပြီး Y12 လေယာဥ်ဖြင့်လည်း နေ့၊ညမပြတ် ၁၂၀ မမ ဗုံးသီးများဆက်တိုက်ကြဲချပြီးပစ်ကူပေးနေကြောင်း အသိပေးသည်။

YAK130၊ SU-30၊FTC 2000 G စသည့် ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၁၅၀ ကျော်ပြုလုပ်ခဲ့ပြီး လက်ရှိချိန်အထိ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်နေကြောင်းကလလတအမှတ်-၉၄၂၀ ကဖော်ပြ သည်။

“ ထူးခြားမှုကတော့ သိပ်မရှိသေးဘူး။ကျွန်တော်တို့အနေနဲ့ ကျန်နေတဲ့ တပ်ကို ပိတ်ဆို့ထားတုန်းပဲ” ဟု ဖားဆောင်းမြို့မြေပြင်တိုက်ပွဲအတွင်းရှိနေသည့် ရဲဘော်တစ်ဦးက ပြောသည်။

ဇူလိုင်လဆန်းပိုင်းတွင် ခလရ ၁၃၅ ၏ ကာကင်းနေရာများကို သိမ်းပိုက်ရရှိပြီး ဖမ်းဆီးရမိသည့်စစ်ကောင်စီတပ်သားအချို့ရှိကြောင်းအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောထားသည်။

ဇွန် ၂၅ ရက်တွင်ဖားဆောင်းမြို့နယ်၏စစ်တပ်၏ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ် သော ခလရ (၁၃၄) နှင့်ခလရ( ၁၃၅ )ကို ထိုးစစ်ဆင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ထားသည်။ဇွန် ၃၀ ရက်တွင် ခလရ ၁၃၄ ကို ရရှိခဲ့သည်။

ဇူလိုင် ၂ ရက် ၊နံနက် ၁ နာရီခန့်တွင် ဖားဆောင်းမြို့ တိုက်ပွဲသို့ ဗုံးကြဲတိုက်ခိုက်ရန်လာသည့် စစ်ကောင်စီက ဂျက်လေယာဥ် လေးစီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်များက တန်ပြန်တိုက်ခိုက်ရာ တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။

ဖားဆောင်းမြို့ရှိစစ်ကောင်စီအခြေစိုက်စခန်း ခလရ(၁၃၄)၊ ခလရ(၁၃၅)သည် ဓါးလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်းကျင်ကွာဝေး သည်။

ဖားဆောင်းမြို့နယ်၏အရှေ့ဘက်ခြမ်းတွင် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်သော မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းတွင်ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းတွင် ဖာပွန်နှင့် မြောက်ဘက်ခြမ်းတွင် ဘောလခဲ မြို့နယ်တို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။

ဆောင်းပါး

ကရင်နီပြည်နယ်မှာဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အာဏာသိမ်းစစ်တပ်အခြေစိုက် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်တပ်စစ်ကြောင်းတွေဝင်လာပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူအချို့က ပြောပါတယ်။

Facebook